ဗီယင်ကျန်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင် မတ် ၂၄ ရက်မှစ၍ ပထမဆုံး COVID-19 ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည်။
တိုကျို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြင့် အနာဂတ်တွင် လူသေဆုံးမှုအရေအတွက်နှင့် ရောဂါလက္ခဏာပြင်းထန်သူများနှင့် ဆေးရုံတက်ရန် လိုအပ်မှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်စပ်လျဉ်းသည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ အတွက် စက်တင်ဘာလ မှ စ၍ Online မှတဆင့် MPU Card ၊ Visa Card ၊ Master Card ၊ JCB Card...
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်မှစတင်၍ ပေကျင်းမြို့တော်နှင့် ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ဩစတြီးယားနှင့် ကနေဒါ စသည့်နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC) က အလားအလာကောင်းသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာက စက်တင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လူနာသစ် ၆၃ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ဦးရေမှာ...
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယနေ့ (စက်တင်ဘာ ၂ ရက်) ညပိုင်းတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၇ ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရာဇီးလီးယား၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ Jair Bolsonaro သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် ပြည်သူများအတွက် အရေးပေါ်ငွေကြေးအကူအညီ ပေးအပ်မှုကို ယခုနှစ်ကုန်အထိ တိုးချဲ့ပေးမည်ဟု စက်တင်ဘာ ၁ ရက်က ကြေညာခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ဩဂုတ် ၁၀ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများထံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆက်သွယ်ရာ၌ မဖြစ်မနေပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ပြန်လည်ရောက်ရှိနေထိုင်သူများအနေဖြင့် ဒေသအတွင်း ရောဂါစတင်ဖြစ်ပွားကူးစက်စေသူအဖြစ်ရောက်ရှိပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူ ခြင်းခံရနိုင်ကြောင်း ယနေ့စက်တင်ဘာ ၂...
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃,၁၇၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် စက်တင်ဘာ ၁ ရက်အထိ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။