ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးလေးမျိုးသည် နိုင်ငံတကာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက် ကာကွယ် ထိန်းချုပ်ရေး ပူးတွဲယန္တရားအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၉ ရက်) နံနက် ၈ နာရီ တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်သူသို့ပန်ကြားချက်အား စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း COVID – 19 ကာကွယ်၊...
ရန်ကုန် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၈ ရက်) ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီး ကုသရေး လုပ်ငန်းများတွင် ရောဂါကာကွယ်ရေး နည်းလမ်းများကို ကိုယ်တိုင်လည်း လိုက်နာရမှာ ဖြစ်ပြီး အများပြည်သူကိုလည်း စနစ်တကျ လိုက်နာနိုင်ရေး စေတနာ အမှန်ဖြင့် နှိုးဆော် တိုက်တွန်းရာမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်...
ဟနွိုင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ စီးပွားရေးဝန်ကြီးများက COVID-19 ကပ်ရောဂါ သက်ရောက်မှုများရှိနေသည့်ကြားမှ နှစ်ဘက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခိုင်အမာတိုးတက်လာသည်ကို ကြိုဆိုကြောင်း ဩဂုတ် ၂၇ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၈ ရက်) နံနက် (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၇ ရက်) ည ၈ နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး ထပ်မံတွေ့ရှိရာ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆၀၂) ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက...
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်းတည်ထောင်ခဲ့သည့် ဒေသတွင်းတစ်စိတ်တစ်ပိုင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားဖြစ်သော လန်ချန်း-မဲခေါင်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အကျိုးအမြတ်များစွာရရှိခဲ့သည်။အဆိုပါ အဖွဲ့ဝင် ၆ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံတွင် လန်ချန်းဟု အမည်တွင်ပြီး ကျန်...