Connect with us

MYANMAR

ယနေ့ည COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၇ ဦး ထပ်မံ စစ်ဆေးတွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယနေ့ (စက်တင်ဘာ ၂ ရက်) ညပိုင်းတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၇ ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်တွင် ၂ ဦးနှင့် မြင်းခြံမြို့တွင် ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၄၅ ဦး၊ကျောက်တော်မြို့တွင် ၂ ဦး၊ ကျောက်ဖြူမြို့တွင် ၂ ဦးနှင့်မြောက်ဦးမြို့တွင် ၂ ဦးနှင့် မွန်ပြည်နယ် မုဒုံမြို့တွင် ၁ ဦး၊ မော်လမြိုင်မြို့တွင် ၁ ဦးနှင့် ကျိုက်ထိုမြို့နယ်တွင် ၁ ဦး စုစုပေါင်း လူနာသစ် ၅၇ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉၉၅) ဦးရှိလာကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကို ၁၀နေရာ၌ ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း (၁,၄၀၈)ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၂)ဦး (Case-390, 393) ရှိသဖြင့် စုစုပေါင်း (၃၅၉) ဦးရှိကြောင်း ၎င်းတို့အနက် (၃၄၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။  (Xinhua)