ဟောင်ကောင်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ဆိုးဝါးလှသည့် COVID-19 ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ရာတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် လူအဖွဲ့အစည်းအသိုက်အဝန်းအသီးသီးက စည်းလုံးညီညွတ်စွာလက်တွဲကာ ကပ်ရောဂါကို အမြန်ဆုံးတားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အမြန်ဆုံး ရောဂါထိန်းချုပ်နိုင်ရန်နှင့် ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ရန် ဟောင်ကောင်ဒေသ အစိုးရက ရက်ဆက် ရောဂါ ကာကွယ်ရေး...
အစ္စတန်ဘူလ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က အစ်နေ့ (Eid al-Adha) အားလပ်ရက် လေးရက်အတွင်း ကမ်းခြေများသို့ လူအဖွဲ့လိုက်သွားရောက်လည်ပတ်ခဲ့ကြခြင်းကြောင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှု ထပ်မံမြင့်တက်လာမည့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဆော်ပေါ်လို၊သြဂုတ် ၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ယမန်နေ့က COVID-19 ကြောင့် သေဆုံးသူ ၁,၁၅၄ ဦးရှိခဲ့ပြီးနောက် သေဆုံးသူဦးရေစုစုပေါင်း ၉၅,၀၀၀ ကျော်ရှိလာကာသြဂုတ် ၄ရက်နေ့သည် COVID-19 ကပ်ရောဂါ ၏ နောက်ထပ်စိတ်မကောင်းဖွယ်ရာနေ့ရက်တစ်ရက် ဖြစ်လာခဲ့သည်။
ချင်းဟိုင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းဟိုင်မြို့ရှိ Gobi သဲကန္တာရ တွင် နတ်ဆိုးမျက်လုံးဟု တင်စားခေါ်ဝေါ်လောက်သည့် အံ့မခန်း တောက်ပအသက်ဝင်နေသော ရေပူစမ်းတစ်ခုရှိသည်။ ရေထဲတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းမြင့်မားသည့်အပြင် ကုန်းမြေသည်လည်း ကျတ်တီးမြေ ဖြစ်သောကြောင့် စမ်းမှာ ထွက်လာသော ရေများသည် ရေပူစမ်းအဖြစ် အသွင်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။...
လန်ဒန် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က လာမည့် အပတ်မှ စတင်၍ နိုင်ငံအတွင်းရှိ ဆေးရုံးများ ၊ ဘိုးဘွားရိပ်သာများ နှင့် ဓာတ်ခွဲခန်းများ တွင် COVID-19 ရောဂါ အမြန်စစ်ဆေးပေးနိုင်သည့် ကိရိယာ နှစ်မျိုးချထားပေးမည် ဖြစ်ကြောင်း...
ဂျီနီဗာ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ခြွင်းချက်အနေဖြင့် ပထမဆုံးအဆုတ်ရောင်ရောဂါအစုလိုက်ဖြစ်ပွားခဲ့သော်လည်း ယင်းမှာ COVID-19 ရောဂါသည် ဝူဟန့်မြို့၌ တိရစ္ဆာန်မှ လူသားသို့ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု သေချာပေါက်ဆိုလို၍မရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကျွမ်းကျင်သူတစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးရှိ လမ်းပေါ်နေ ကလေးများအတွက် COVID-19 ကပ်ရောဂါ အန္တရာယ်မှ လမ်းပေါ်နေ ကလေးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်ဖြင့် COVID-19 ကာလအတွင်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဆက်လက်...
ဟောင်ကောင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၃ ရက် ၀၀:၀၀ နာရီအထိ COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၈၀ ဦး ရှိရာ အားလုံးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အရာ ရှိ က WHO အနေဖြင့် တရုတ် နိုင်ငံ ပညာရှင်များ အပါအဝင် နိုင်ငံတကာ ပညာရှင် များပါဝင်သော အဖွဲ့ တစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး အတူတကွ COVID-19...
ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) အိမ်မွေးတိရစ္ဆာန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း ဂျပန်နိုင်ငံက ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။