Connect with us

MYANMAR

ပြည်ပသို့ အလုပ်သမားများ ပြန်လည်စေလွှတ်နိုင်ရေး အဆင်သင့် ပြင်ဆင်ထားဟုဆို 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသော အလုပ်သမား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ ပြန်လည်စေလွှတ်နိုင်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

” တောက်လျှောက်တော့ Contact ယူပြီး လုပ်နေတာပါပဲ။ သူတို့ဆီက အချိန်မရွေး ခေါ်တဲ့အချိန်မှာ လွှတ်နိုင်ဖို့ တို့ဘက်က ready ပြင်ထားပါတယ်။”ဟု အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့သည်။ ပြည်ပသို့အလုပ်အကိုင် စေလွှတ်မှုများအား မတ်လဆန်းပိုင်းတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့် အနေဖြင့် ယာယီ ရပ်နားထားခဲ့သည်။ 

“တို့ဘက်ကတော့ ပြင်ဆင်ထားတာပေါ့။ သက်ဆိုင်ရာ နိုင်ငံတွေက အတည်ပြုခေါ်ဖို့ လိုတာပေါ့။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ဩဂုတ်လကုန်ထိ တိုးမြှင့်ထားကြောင်း သိရသည်။ 

နိုင်ငံတကာခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်း ထားစဉ်ကာလအတွင်း ပြည်ပတွင် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူများ အတွက်လည်းကောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ သင်္ဘောသားများအတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင် များ၊ ကျောင်းသူ၊ ကျောင်းသားများအတွက် လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေ သူများအတွက်လည်းကောင်း အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ကြ စေရန် ရှေးရှုလျက် ပြည်ပသို့ထွက်ခွာမည့် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များ၊ အထူးလေယာဉ် (Special Flight) များတွင် လိုက်ပါခွင့် ရရှိစေရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.