Connect with us

INTERNATIONAL ORGANIZATION

အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှ နှုတ်ထွက်မည့် ဆုံးဖြတ်ချက် အား ပြန်လည် သုံးသပ်စေလိုကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ပြောကြား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ်  က COVID-19 ကပ်ရောဂါ ပိုမို ပြန့်ပွားလာသည့် အခြေအနေ အား ရင်ဆိုင်ရာ တွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် မှ နှုတ်ထွက်မည့် ဆုံးဖြတ်ချက် အား ပြန်လည် သုံးသပ်စေလိုကြောင်း သြဂုတ် ၆ ရက် ၌ ပြောကြား ခဲ့သည်။

တက်ဒရော့စ် က သတင်းစာ ရှင်းလင်းပွဲတွင် လက်ရှိချိန် ၌ နိုင်ငံအသီးသီး အနေဖြင့် အတူတကွ ညှိနှိုင်းဆောင်ရွက်ကာ ကပ်ရောဂါ အား ရင်ဆိုင်ဖြေရှင်းရမည့် အချိန် ဖြစ်ကြောင်း ၊ အလွန်သေးမွှားပြီး မမြင်ရနိုင်သော COVID-19 ရောဂါ ပိုး က တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့ကာ မိမိ တို့ အနေဖြင့် သင်ခန်းစာ ရယူ၍ အတူတကွ အေးအတူပူအမျှ အသိုက်အဝန်း ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တွင် ပြသနာ ရှိသည်ဟု ယူဆပါက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အနေဖြင့် မည်သည့် ပုံစံမျိုးဖြင့် သုံးသပ်မှု မျိုးကို ဖြစ်စေ တံခါးဖွင့် လက်ခံပြီး အမေရိကန် နိုင်ငံ အနေဖြင့် နှုတ်ထွက်ရန် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ အစည်းအဝေး တွင် တက်ကြွစွာ ပါဝင် နေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နှင့်လည်း အနီးကပ် ဆက်သွယ်မှု တည်ရှိနေသော ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် နှင့် ပုံမှန် ဆက်ဆံရေး ဆက်လက် ရရှိရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တက်ဒရော့စ် က အကယ်၍ လက်ရှိ အချိန်၍ ကမ္ဘောပေါ်တွင်  ခွဲထွက်ရေး အခြေအနေ သို့ ရောက်ရှိနေခဲ့လျှင် မိမိ တို့ အနေဖြင့် COVID-19 ရောဂါ ကို တိုက်ဖျက် နိုင်မည် မဟုတ်ကြောင်း ၊ လက်ရှိ ကမ္ဘာတွင် ချစ်ခင်ရင်းနှီးမှု လိုအပ်ပြီး နိုင်ငံကြီးများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ၊ နိုင်ငံကြီးများ အနေဖြင့် ကမ္ဘာ့စည်းလုံးညီညွတ်မှု အတွက် တွန်းအားပေး ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ မှ လာမည့်နှစ် ဇူလိုင် တွင် နှုတ်ထွက်ရန်  ဇူလိုင် ၆ ရက် တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အား အကြောင်းကြား ခဲ့သည်။ အမေရိကန် နိုင်ငံ ၏ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ဝင်ခွင့် လျှောက်ထားသည့် စည်းမျဉ်းများအရ နှုတ်ထွက်လိုပါက တစ်နှစ် ကြိုတင် အကြောင်းကြားရမည်ဖြစ်ပြီး ဘဏ္ဍာရေး ဆိုင်ရာ တာဝန်များ အလုံးစုံ ဖြေရှင်းသွားရမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၂၉ ရက် တွင် အမေရိကန် နိုင်ငံ ၏ တောင်းဆိုချက် အတိုင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှ မပြောင်းလဲပေးနိုင်သဖြင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ နှင့် အဆက်အဆံ အား ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ထည့်သွင်းရမည့် အဖွဲ့ဝင်ကြေးအား လျစ်လျူရှု ခဲ့သည်။ ယင်းဆောင်ရွက်မှု အား နိုင်ငံတကာ အသိုင်းအဝိုင်း မှ အမေရိကန် နိုင်ငံ အပေါ် အပြင်းအထန် ဝေဖန်ခဲ့ကြပြီး ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် ကပ်ရောဂါ အား ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် အပြစ်ပုံချပြီး နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

အမေရိကန် နိုင်ငံသည် COVID-19 ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား သည့် နိုင်ငံ ဖြစ်ပြီး သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ သြဂုတ် ၆ ရက် အမေရိကန် နိုင်ငံ အရှေ့ပိုင်း စံတော်ချိန ၂၀ နာရီ အချိန် ထိ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၄.၈၇ သန်းကျော် ရှိခဲ့ပြီး သေဆုံးသူ ၁၆၀,၀၀၀ ဦးကျော် ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)