Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂.၈သန်း၊ သေဆုံးသူ ၉၅,၀၀၀ ရှိပြီ

ဘရာဇီးနိုင်ငံ ဘရာဇီးလီယားမြို့ရှိစာသင်ကျောင်းတစ်ကျောင်းတွင် ပိုးသတ်ဆေးဖျန်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ယမန်နေ့က COVID-19 ကြောင့် သေဆုံးသူ ၁,၁၅၄ ဦးရှိခဲ့ပြီးနောက် သေဆုံးသူဦးရေစုစုပေါင်း ၉၅,၀၀၀ ကျော်ရှိလာကာသြဂုတ် ၄ရက်နေ့သည် COVID-19 ကပ်ရောဂါ ၏ နောက်ထပ်စိတ်မကောင်းဖွယ်ရာနေ့ရက်တစ်ရက် ဖြစ်လာခဲ့သည်။ 

လွန်ခဲ့သော ၂၄ နာရီအတွင်းအသစ်ထပ်မံကူးစက်ခံရသူ ၅၁,၆၀၃ ဦးစစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်ခံရသူဦးရေ ၂,၈၀၁,၉၂၁အထိမြင့်တက်လာကာသေဆုံးသူဦးရေစုစုပေါင်း၉၅,၈၁၉ အထိရောက်ရှိလာကြောင်းသိရသည်။

တစ်ချိန်တည်းမှာပင် ဘရာဇီးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က ရောဂါကူးစက်ခံရသူ၁,၉၇၀,၇၆၇ ဦးပြန်လည်သက်သာကောင်းမွန်လာပြီဟုပြောကြားခဲ့သည်။ဘရာဇီးနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် ဆော်ပေါ်လိုပြည်နယ်သည် ရောဂါ ဖြစ်ပွားမှုဗဟိုချက်ဖြစ်နေပြီးလူ ၅၇၅,၅၈၉ဦး ရောဂါကူးစက်ခံခဲ့ရကာ ၂၃,၇၀၂ ဦးသေဆုံးခဲ့သည်။ယင်းပြည်နယ်ပြီးနောက်ရီယိုဒီဂျနေရိုးမြို့တွင်လည်းရောဂါကူးစက်ခံရသူ ၁၆၈,၉၁၁ ဦး ရှိကာသေဆုံးသူ ၁၃,၇၁၅ ဦး ရှိကြောင်းသိရသည်။ 

ဆော်ပေါ်လိုမြို့သည် အီတလီနိုင်ငံမြောက်ပိုင်းသို့ အားလပ်ရက်ခရီးသွားရောက်ခဲ့ပြီး ပြန်လာသောဘရာဇီးနိုင်ငံသားတစ်ဦး၌ ရောဂါတွေ့ရှိခဲ့ရာမှ လက်တင်အမေရိကတွင် ပထမဆုံးကူးစက်မှုအဖြစ်ဖေဖော်ဝါရီ ၂၆ရက်က သတင်းဖော်ပြခြင်းခံခဲ့ရသည်။  (Xinhua)