ဝူဟန့်၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်သည် ကျန်းဆူး ပြည်နယ် အမျိုးသား ကျန်းမာရေး ကူညီကယ်ဆယ်မှု အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အဖွဲ့နှင့်အတူ နန်ကျင်းမြို့မှ ဝူဟန့်မြို့ အားကစားခန်းမ ဖောင်းချန်းဆေးရုံကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19ရောဂါ အတည်ပြုလူနာ တစ်သိန်းကျော် ရှိပြီဖြစ်ရာ ရောဂါပြန့်ပွားမှု အခြေအနေ အပြောင်းအလဲဖြစ်စေရန်နှင့်လျော့နည်းလာစေရန်အတွက် နိုင်ငံအားလုံးအနေဖြင့် အားကောင်းသည့် ရောဂါ တားဆီးမှုများကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
နယူးဒေလီ ၊ မတ် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝန်ကြီးအားလုံး နှင့် သက်ဆိုင်ရာဌာနအားလုံးမှ တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်တွင် အစည်းအဝေးတစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ မတ် ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါကြောင့် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှုတွင် သက်ရောက်မှုရှိနိုင်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများ၏ပံ့ပိုးမှုသည် အပူတပြင်း လိုအပ်နေသည့် အနေအထားမျိုးတွင် မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး စောင့်ကြည့်လူနာ ၂ ဦးနှင့် သံသယလူနာ ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး သေဆုံးသူများအား ဓာတ်ခွဲနမူနာအဖြေများရရှိရန် ဆောင်ရွက်ထားမှုအရ သေဆုံးသူများထဲမှ တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း...
ပေကျင်း ၊ မတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က မတ်လ ၄ ရက် အထိ အမေရိကန် နိုင်ငံ တွင် လူပေါင်း ၁၀၈ ဦး COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း “The Atlantic”...
ဗက်သလင်ဟမ်၊ မတ် ၆ ရက်(ဆင်ဟွာ) ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဗက်သလင်ဟမ်မြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ ၇ ဦး ရှိကြောင်း ပါလက်စတိုင်း အမျိုးသား အာဏာပိုင်အဖွဲ့က မတ် ၅ ရက်တွင် ကြေညာခဲ့သည်။
ဝါရှင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ဝင်ငွေနည်းနှင့် ဈေးကွက်ပေါ်ထွန်းစနိုင်ငံများသို့ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုအတွက် အရေးပေါ်ငွေကြေးလိုအပ်မှု အလျင်အမြန်ထုတ်ပေးရေးအဖွဲ့မှတစ်ဆင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ခန့် ထောက်ပံ့မည်ဖြစ်ကြောင်း မတ် ၅ ရက်တွင် ကြေညာလိုက်သည်။