ဝူဟန့်၊ မတ် ၅ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါသည် SARS ဗိုင်းရပ်စ် ရောဂါလက္ခဏာလောက် မပြင်းထန်ကြောင်းတွေ့ရလေ့ရှိသော်လည်း ကူးစက်မှုမှာ ပိုမိုလွယ်ကူကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ်လ ၄ ရက်က ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လူနာ စုစုပေါင်း ၂,၁၈၉ ဦးရှိကြောင်း အမျိုးသားကျန်းမာကော်မရှင်က ယနေ့ မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) မတ် ၃ ရက် ဗဟို ဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီ အထိ နိုင်ငံအသီးသီးမှပေးပို့သည့် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့အခြားနေရာဒေသများ၌ COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ၁၀,၅၆၆ ဦး ရှိသွားပြီဖြစ်ကြောင်း...
ပေကျင်း၊ မတ် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌသမ္မတရှီကျင့်ဖိန်သည်မတ်၂ရက်တွင်ပေကျင်းမြို့ရှိCOVID-19ရောဂါကာကွယ်ထိန်းချုပ် ရေးဆိုင်ရာသိပံ္ပသုတေသနလုပ်ဆောင်မှုများအားသွားရောက်စစ်ဆေးလေ့လာကြည့်ရှုခဲ့ရာဗဟိုပါတီကိုယ်စားရောဂါကာကွယ်ထိန်းချုပ်ရေးသိပ္ပံသုတေသနအားရှေ့တန်းမှဆောင်ရွက်နေကြသည့် သိပံ္ပနည်းပညာဝန်ထမ်းများအားကျေးဇူးတင်ရှိကြောင်းနှင့်အားပေးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ချုံချင့်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်ရှိ အဆောက်အအုံများအတွင်း စေတနာ့ဝန်ထမ်း ၁,၂၁၆ ဦးသည် COVID-19 ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအတွက် ကူညီလုပ်ဆောင်နေကြသည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာကြီးအား နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်သွားသင့်ကြောင်းနှင့် စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် ကူညီသွားသင့်ကြောင်း ပြောကြားလိုက်သည်။
ဆိုးလ် ၊ မတ် ၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း က အဆက်မပြတ် ပျံ့နှံ့နေသည့် COVID-19 ကပ်ရောဂါ အား ရင်ဆိုင်ရာ တွင် တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား ၊ တရုတ် ၊ ဂျပန်...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းအထိ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၄၁,၆၂၅ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါအဓိကဖြစ်ပွားနေသော ဟူပေပြည်နယ် ပြင်ပတွင် ဖေဖော်ဝါရီ ၂၉ ရက်က COVID-19 ရောဂါကူးစက်ခံရမှု လူနာအသစ် အရေအတွက်မှာ သုံးဦး သာရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။