ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ဖြစ်ပွားမှုအထွတ်အထိပ်ကာလကို ကျော်လွန်သွားပြီဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ မူကြို၊ မူလတန်း၊ အလယ်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာသင်ကျောင်းများ အတွက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ခြင်းနှင့် ကုသခြင်းများဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်လိုက်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက (MOE) ထံမှ သိရသည်။အဆိုပါ လမ်းညွှန်ချက်များတွင် ဗိုင်းရပ်စ်အကြောင်း အခြေခံဗဟုသုတ၊...
ချန်တူး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ လေးဦးနှင့် အီတလီ ဘာသာစကားကျွမ်းကျင်သူ ဘာသာပြန်တစ်ဦးတို့သည် အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်မှုအတွက် ကူညီရန် မတ် ၁၁ ရက်တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး လက်ရှိချိန်ထိ မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသည့်လူနာကို သတ်သတ်မှတ်မှတ် မတွေ့ရှိသေးသော်လည်း ရောဂါမကူးစက်အောင် များစွာ သတိထားရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မတ် ၁၁ ရက်က ဒေသခံများနှင့် တွေ့ဆုံစဉ်...
ဂျီနီဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၃၂,၇၇၈ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၀ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
ဘဂ္ဂဒတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရသူ ၁၅ ဦးသည် ရောဂါမှ ပြန်လည်သက်သာလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၀ ရက်၌ ကြေညာလိုက်သည်။
နယူးယောက်၊ မတ် ၁၁ ရက်(ဆင်ဟွာ) မတ် ၁၀ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET) ၂၃ နာရီ ၃၀ မိနစ် အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁,၀၀၁ ဦးအထိ ရှိလာပြီဖြစ်ပြီး သေဆုံး သူ ၂၈ ဦး...
လန်ဒန် ၊ မတ် ၁၁ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ၌ ကျန်းမာရေးအရာရှိတစ်ဦးထံတွင် COVID-19 စမ်းသပ်တွေ့ရှိခဲ့ကြောင်း နှင့် အခြားသူများထံရောဂါ ကူးစက်မှုမရှိစေရန် ၎င်းအနေဖြင့် မိမိနေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း အင်္ဂလန်နိုင်ငံ ကျန်းမာရေး နှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Care Matt Hancock က မတ် ၁၀...
ပေကျင်း ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ မတ် ၁၀ ရက်တွင် ပြင်ပမှဝင်ရောက်လာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ခံရသူ ၆ ဦးရှိကြောင်း သတင်းပေးပို့မှုရရှိခဲ့သည်ဟု ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဟူပေ၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိစောင့်ကြည့် ထား စဉ် ကာလအတွင်း မိခင်များမှ ကလေး ၃၂၀၀ ကျော်မွေးဖွားခဲ့ကြောင်းသိရသည်။ ဟူပေမိခင်နှင့်ကလေးဆေးရုံသို့ ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)