နယူးဒေလီ ၊ မတ် ၁၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း အရေအတွက်မှာ ၄၇ ဦးထိ မြင့်တက်လာကြောင်း အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပြန့်ပွားမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်သည့် နေရာများတွင် မူလက ဧပြီလလယ်တွင် ကျင်းပရန် စီစဉ် ထားသော နာမည်ကျော် ဆွန်ခရန်(Songkran)ရေကစားပွဲတော်ကို ကျင်းပတော့မည်ဟုတ်ကြောင်း အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက...
ဂျီနီဗာ၊ မတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် နိုင်ငံအမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မတ် ၁၀ ရက်(ဆင်ဟွာ) မတ် ၉ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET) ၂၀ နာရီခန့်အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၀၅ ဦး ရှိပြီး သေဆုံး သူ ၂၂ ဦးရှိကြောင်း Johns Hopkins တက္ကသိုလ်၏...
ဝူဟန့် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့မတ် ၁၀ ရက်တွင် COVID-19 ကူးစက်ရောဂါ အဓိကဖြစ်ပွားရာ ဝူဟန့်မြို့သို့သွားရောက်၍ ဟူပေပြည်နယ် နှင့် ယင်း၏မြို့တော် ဝူဟန့်မြို့တို့၌ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စီချွန်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ် ချန်တူးမြို့ ရှိ ချန်တူးအခြေစိုက် Maccura Biotechnology Co.,ltd က နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိမရှိ သွေးရည်ကြည်မှ တစ်ဆင့် စစ်ဆေးနိုင်သည့် ကိရိယာအသစ်များကို ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ထိုကိရိယာများသည် ရောဂါကို တိကျစွာဖော်ထုတ်နိုင်သောကြောင့် မှားယွင်းကောက်ချက်ချမှုများကို...
တိုကျို ၊ မတ် ၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၌ နောက်ထပ် လူပေါင်း ၃၃ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံရသဖြင့် ယနေ့ မတ် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲအထိ နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူပေါင်း ၄၄၀ ဦး ထိ...
ဝူဟန့်၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်သည် ကျန်းဆူး ပြည်နယ် အမျိုးသား ကျန်းမာရေး ကူညီကယ်ဆယ်မှု အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အဖွဲ့နှင့်အတူ နန်ကျင်းမြို့မှ ဝူဟန့်မြို့ အားကစားခန်းမ ဖောင်းချန်းဆေးရုံကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19ရောဂါ အတည်ပြုလူနာ တစ်သိန်းကျော် ရှိပြီဖြစ်ရာ ရောဂါပြန့်ပွားမှု အခြေအနေ အပြောင်းအလဲဖြစ်စေရန်နှင့်လျော့နည်းလာစေရန်အတွက် နိုင်ငံအားလုံးအနေဖြင့် အားကောင်းသည့် ရောဂါ တားဆီးမှုများကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။