ဂျကာတာ ၊ မေ ၁၃ ရက်(ဆင်ဟွာ) ကာကွယ်ဆေးထိုးနှံထားသည့် ကျန်းမာရေးဝန်ထမ်းအများစုသည် သေဆုံးမှု နှင့် ဆေးရုံတင်ကုသရခြင်းမှ များစွာ ကာကွယ်ပေးနိုင်သည်ကို တွေ့ရှိရသည်နှင့်အမျှ COVID-19 ရောဂါတိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးသည် အလွန်ထိရောက်မှု ရှိသည်ကို မြင်ရကြောင်း Bloomberg က မေ ၁၂ ရက်တွင်...
နယူးဒေလီ၊ မေ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသဖြင့် ပြည်နယ်များအနေဖြင့် COVID-19 ကြောင့် သေဆုံးသွားသူများအား ဂင်္ဂါမြစ်အတွင်း စွန့်ပစ်သည့်အလေ့အထကို စစ်ဆေးရန် အစိုးရက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ Jal Shakti (ရေအရင်းအမြစ်) ဝန်ကြီးဌာန ဝန်ကြီး Gajendra...
ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါအခြေအနေဆိုးဝါးလာခြင်းသည် ၎င်းနိုင်ငံ၏စီးပွားရေးပြန်လည် နိုးထမှုကို နှောင့်နှေးစေရုံသာမက တစ်ကမ္ဘာလုံးရှိ လုပ်ငန်းစုံ၏ ထောက်ပို့ရေးကဏ္ဍကို သက်ရောက်မှုရှိစေမည်ဖြစ်သည်။
အစ္စလာမ်မာဘတ်၊ မေ ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက AstraZeneca COVID-19 ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းနှင့် ပြင်းထန်သော ဓာတ်မတည့်မှုဖြစ်ပွားကြောင်း ရာဇဝင်ရှိခဲ့သည့် အသက် ၄၀ နှစ်အောက် နိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံခြင်းမှ တားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ကွာလာလမ်ပူ၊ မေ ၁၁ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့လာမှုကို တုန့်ပြန်ရန်အတွက် မလေးရှားနိုင်ငံတွင် မေ ၁၂ ရက်မှ ဇွန် ၇ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသွားအလာကန့်သတ်ခြင်းအပါအဝင် သက်ဆိုင်ရာရောဂါထိန်းချုပ်စီမံရေးနည်းလမ်းများကို ပြုလုပ်သွားရန် အစိုးရက ဆုံးဖြတ်လိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် Muhyiddin Yassinက မေ ၁၀...
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အိန္ဒိယနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် ငွေသား အကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းအား ပေးအပ်ခဲ့ကြောင်း တရုတ်ကြက်ခြေနီဖောင်ဒေးရှင်း(CRCF)က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး (၃၀၈.၂၂၆)သန်း ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊မေ ၉ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကာကွယ်ဆေး၏ ကြီးမားသောအခန်းကဏ္ဍကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မေ ၈ ရက်တွင် ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တရုတ်နိုင်ငံ၏ Sinopharm မှ ထုတ်လုပ်သော BBIBP-CorV COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် မေ ၇ ရက်တွင် အတည်ပြုခဲ့သည်။
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ) တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော COVID-19 ကာကွယ်ဆေး Sputnik Light ကို ရုရှားနိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ရုရှား ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေး ဖော်ထုတ်သူနှင့် ပံ့ပိုးသူတို့က မေ ၆ ရက်၌ ကြေညာခဲ့သည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် ၂၈ ရက်အတွင်း...