Connect with us

WORLD

ပါကစ္စတန်နိုင်ငံ၌ AstraZeneca COVID-19 ကာကွယ်ဆေးဖြင့် ဓာတ်မတည့်သော အသက် ၄၀နှစ်အောက်လူများအား ဆေးထိုးနှံခြင်း တားမြစ်

အစ္စလာမ်မာဘတ်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံက AstraZeneca COVID-19 ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းနှင့် ပြင်းထန်သော ဓာတ်မတည့်မှုဖြစ်ပွားကြောင်း ရာဇဝင်ရှိခဲ့သည့် အသက် ၄၀ နှစ်အောက် နိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံခြင်းမှ တားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။AstraZeneca ကာကွယ်ဆေးကိုစီမံခန့်ခွဲရန်ကျန်းမာရေး ၀န်ကြီးဌာန၏ မေ ၉ ရက် တွင် ထုတ်ပြန်သောကြားဖြတ်လမ်းညွှန်ချက်များအရ၊ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် သွေးခဲမှု ဖြစ်ပွားသူများအနေဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေးအားထိုးနှံရန်မလိုအပ်ကြောင်း သိရသည်။

အစာအိမ်သွေးယိုစီးမှု သို့မဟုတ် အူသိမ်ခြင်း၊ သို့မဟုတ် အသည်းရောင်ရောဂါဖြစ်ပွားစေသော သွေးခဲစေသည့်ကလာပ်စည်းချို့တဲ့ခြင်းနှင့် သွေးကြောပိတ်ခြင်း ရာဇဝင်ရှိသူများအနေဖြင့်လည်း AstraZeneca ကာကွယ်ဆေးထိုးနှံခြင်းမှ တားမြစ်ထားကြောင်း လမ်းညွှန်ချက်၌ ဖော်ပြထားသည်။
အချို့သောနိုင်ငံများ၌ အထူးသဖြင့် အသက် ၅၀နှစ်အောက်လူများအား AstraZeneca ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် သွေးခဲခြင်းနှင့် သွေးစုစည်းမှုအားနည်းခြင်းများ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်က ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကာကွယ်ဆေးများကို ကမ္ဘားနိုင်ငံအသီးသီး တန်းတူညီမျှရရှိစေရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ထုတ်လုပ်နေသော COVAX အစီအစဉ်ဖြင့် ၎င်း AstraZeneca ကာကွယ်ဆေးပထမအသုတ်ကို ပါကစ္စတန်နိုင်ငံက မေ ၈ ရက်တွင် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပါကစ္စတန်နိုင်ငံသည် လက်ရှိအချိန်တွင် COVID-19 တတိယလှိုင်းဖြင့် ရင်ဆိုင်နေရပြီး ၎င်းအခြေအနေအားထိန်းချုပ်ရန် အစိုးရအနေဖြင့် Eid al-Fitr (အိဒ်စ်)အားလပ်ရက်များအတွင်း နိုင်ငံတဝန်းလုံးတွင် ပိတ်ဆို့ခြင်းများဆောင်ရွက်ခြင်း အပါအဝင် ကာကွယ်ဆေးထိုးခြင်း အရှိန်မြှင့်ဆောင်ရွက်ခြင်းနှင့် တင်းကြပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)
Pakistan bars people under 40, those with allergies from taking AstraZeneca COVID-19 vaccine
ISLAMABAD, May 10 (Xinhua) — Pakistan has barred its citizens under 40 years of age and those with a history of severe allergic reaction to any component of the AstraZeneca COVID-19 vaccine from taking the jab, the health ministry said on Monday.
According to the interim guidelines issued by the health ministry on Sunday about administering the AstraZeneca vaccine, people who developed blood clotting issues after receiving the first dose of the vaccine should not take the second does.
Those with active gastrointestinal bleeding or seizure, or a history of heparin-induced thrombocytopenia and thrombosis are also stopped from opting to get the AstraZeneca vaccine administered, the guidelines said.
The decision follows reports in some countries of rare blood clotting and low platelets events in people, especially those below 50 years, after receiving the AstraZeneca vaccine, local media reported.
Pakistan received its first shipment of the AstraZeneca vaccines on Saturday under the COVAX Facility, a World Health Organization-led initiative aimed at ensuring equal access to COVID-19 vaccines by various countries, according to the reports.
Pakistan is currently facing a third wave of COVID-19, and to bring the situation under control, the government is taking stringent measures including locking down almost the whole country during the ongoing Eid al-Fitr holidays, and accelerating the vaccination process. Enditem