ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)က ဆူဒန်နိုင်ငံ စစ်တပ်အား မကြာသေးမီက တောင်းဆိုချက်အရ COVID-19 ကာကွယ်ဆေး ထောက်ပံ့မှု အသုတ်တစ်သုတ်ကို မတ် ၂၇ ရက်တွင် ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ပရက်ဂ်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ၏ အောက်လွှတ်တော်သည် နိုင်ငံ၏ အရေးပေါ်အခြေအနေအား ဧပြီ ၁၁ ရက် အထိ ရက်တိုးမြှင့်ရန် မတ် ၂၆ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် ကပ်ရောဂါစတင်ဖြစ်ပွားစဉ်မှစ၍ အမြင့်ဆုံးစံချိန်အဖြစ် နေ့စဉ်ရောဂါကူးစက်မှု အရေအတွက် ၉,၈၃၈ ခုကို မတ် ၂၆ ရက်က ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှုလှိုင်းအသစ်ကို ကြုံတွေ့နေရကြောင်း သိရသည်။
ဆောပိုလို၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ COVID-19 ရောဂါဖြစ်ပွားမှု၏ ၆၄.၄ ရာခိုင်နှုန်းသည် အမေဇုန်တွင်တွေ့ရှိခဲ့သည့် ကူးစက်နှုန်းပိုမိုမြန်ဆန်၍ သေစေနိုင်သော P.1 ဗီဇပြောင်းဗိုင်းရပ်စ် နှင့် ကိုက်ညီမှုရှိကြောင်း ဆောပိုလို မြို့တော်ခန်းမမှ မတ် ၂၆ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုတစ်ခုအရ သိရသည်။
မင့်ခ် ၊ မတ် ၂၇ ရက် (ဆင်ဟွာ) အာရှ-ဥရောပ ဒေသနိုင်ငံများ၏ COVID-19 ကပ်ရောဂါအခြေအနေက ကွဲပြားပြီး ယူကရိန်း နှင့် မွန်ဂိုလီးယားနိုင်ငံတို့၏ မတ်လ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ COVID-19 ထပ်မံကူးစက်ခံရသူဦးရေ စံချိန်သစ်တင်မြင့်တက်လာခဲ့ကာ ကာဇက်စတန်နိုင်ငံမြို့တော် နှင့် အကြီးဆုံးမြို့တို့တွင် လူထုသို့ COVID-19...
မာလေး၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ်နှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အကူပစ္စည်းများသည် မတ် ၂၄ ရက် ညပိုင်းတွင် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မတ် ၂၅ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော Johnson and Johnson ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဆန်တီယာဂို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး သန့်ရှင်းသောရက်သတ္တပတ် (Holy Week) ကာလနှင့် နီးကပ်လာသောကြောင့် မြို့တော်တည်ရှိရာ မြို့ပြဒေသနှင့် အခြားဒေသများတွင် Lockdown ကန့်သတ်မှုကို မတ် ၂၇ ရက်မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ မတ် ၂၅ ရက်တွင်...
တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားသတင်းထောက်များကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် မတ် ၂၃ ရက်က ပံ့ပိုးပေးခဲ့ကြောင်း Kyodo News သတင်းဌာနက မတ် ၂၄ ရက်က သတင်းဖော်ပြခဲ့သည်။
လွမ်ဒါ ၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ အင်ဂိုလာနိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်၌ အင်ဂိုလာနိုင်ငံမြို့တော် လွမ်ဒါသို့ ရောက်ရှိခဲ့သည်။ အင်ဂိုလာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကုံထောင် ၊ အင်ဂိုလာနိုင်ငံ ကျန်းမာရေးဝန်ကြီး Silvia Lutucuta နှင့်...