Connect with us

WORLD

တစ်ကြိမ်တည်းသာထိုးနှံရမည့် Johnson & Johnson ကာကွယ်ဆေးကို ထိုင်းနိုင်ငံ ခွင့်ပြု

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ကောင်တီ Monterey ပန်းခြံရှိ Garfield ကျန်းမာရေးစင်တာတွင် COVID-19 ကာကွယ်ဆေးပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော Johnson and Johnson ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

Johnson and Johnson ကာကွယ်ဆေးသည် ထိုင်းနိုင်ငံ FDA မှ ခွင့်ပြုပေးခဲ့သော Sinovac နှင့် AstraZeneca ကာကွယ်ဆေးများပြီးနောက် တတိယမြောက်ခွင့်ပြုသော ကာကွယ်ဆေးဖြစ်လာခဲ့ကြောင်း Anutin က ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် မတ် ၂၅ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉၇ ခု ရှိခဲ့ပြီး အများစုမှာ ဘန်ကောက်မြို့၌ ဖြစ်ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှုစင်တာ၏ အစီရင်ခံစာအရ သိရသည်။ ထိုင်းနိုင်ငံ၌ စုစုပေါင်း COVID-19 ရောဂါဖြစ်ပွားသူ ၂၈,၄၄၃ ဦးရှိကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
Thailand approves Johnson & Johnson one-shot vaccine
Source: Xinhua| 2021-03-25 22:00:50|Editor: huaxia
BANGKOK, March 25 (Xinhua) — Thailand’s Food and Drug Administration (FDA) has approved the emergency use of Johnson and Johnson’s one-shot vaccine, Deputy Prime Minister and Public Health Minister Anutin Charnvirakul said on Thursday.
On his Facebook page, Anutin said the Johnson and Johnson vaccine has become a third choice for Thailand in addition to Sinovac and AstraZeneca vaccines that were earlier approved by the FDA.
Thailand confirmed 97 cases of coronavirus infections on Thursday, mostly in Bangkok, according to a report of the Center for the COVID-19 Situation Administration. The country has so far confirmed a total of 28,443 cases. Enditem
A dose of COVID-19 vaccine is prepared at Garfield Medical Center, Monterey Park, Los Angeles County, California, the United States, Dec. 18, 2020. (Xinhua)