Connect with us

WORLD

အမေရိကန်တွင် COVID-19 အတည်ပြုလူနာ ၂၂ သန်း နှင့် သေဆုံးသူ ၃၇၀,၀၀၀ ကျော်ရှိလာဟု CSSE ထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရှိ Maimonides ဆေးရုံအဝင်ဝတွင် ကျန်းမာရေးဝန်ထမ်းများက COVID-19 လူနာတစ်ဦးအားသယ်ဆောင်လာသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၂၂ သန်း နှင့် သေဆုံးသူပေါင်း ၃၇၀, ၀၀၀ ကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။

ဇန်နဝါရီ ၉ ရက် ဒေသစံတော်ချိန် ည ၂ နာရီ ၂၂ မိနစ်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့်သေဆုံးသူစုစုပေါင်း ၃၇၀,၁၁၉ ဦးရှိလာခဲ့ကြောင်း CSSE က ဆိုသည်။COVID-19 ရောဂါဖြင့် နယူယောက်မြို့တွင် သေဆုံးသူပေါင်း ၃၉,၃၃၄ ဦးရှိခဲ့ရာ အမေရိကန်နိုင်ငံတွင် ပြည်နယ်အဆင့် သေဆုံးမှု အမြင့်ဆုံးပြည်နယ်အဖြစ်ရပ်တည်နေသည်။ ယင်းနောက်တွင် တက္ကဆက်စ်ပြည်နယ်က သေဆုံးသူ ၂၉,၆၄၅ ဦးဖြင့် ဒုတိယနေရာတွင်လည်းကောင်း ၊ ကယ်လီဖိုးနီးယားပြည်နယ်က ၂၉,၂၆၆ ဦးဖြင့် တတိယနေရာ နှင့် ဖလော်ရီဒါပြည်နယ်က ၂၂,၆၆၆ ဦးဖြင့် စတုတ္ထနေရာ၌ အသီးသီးရပ်တည်လျက်ရှိကြောင်း CSSE ၏ စာရင်းတွင် ဖော်ပြထားသည်။

ထို့ပြင် လူနာပေါင်း ၁၁,၀၀၀ ကျော်သေဆုံးခဲ့ရသော ပြည်နယ်များစာရင်းတွင် နယူးဂျာစီ ၊ အီလီနွိိုက်စ် ၊ ပင်ဆူဗေးနီးယား ၊ မစ်ချီဂန် ၊ မက်ဆာချူးဆက် နှင့် ဂျော်ဂျီဂျာပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် COVID-19 ရောဂါ ကူးစက်ခံရမှု နှင့် သေဆုံးမှု အရေအတွက်သည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး တစ်ကမ္ဘာလုံးကူးစက်မှု၏ ၂၄ ရာခိုင်နှုန်းကျော် နှင့် တစ်ကမ္ဘာလုံးသေဆုံးမှု၏ ၁၉ ရာခိုင်နှုန်းကျော်တွင် ရှိနေသည်။

ပြီးခဲ့သော ဇန်နဝါရီ ၆ ရက်အထိ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၃၆၀,၀၀၀ ကျော်ရှိခဲ့ရာမှ သုံးရက်အတွင်း သေဆုံးသူ ၁၀,၀၀၀ ကျော်ထပ်မံ တိုးမြင့်လာသဖြင့် သေဆုံးသူစုစုပေါင်း ၃၇၀,၀၀၀ အထိ ရောက်ရှိလာခဲ့ကြောင်း CSSE က ဆိုသည်။အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၇ ရက်က COVID-19 ရောဂါဖြင့် တစ်ရက်အတွင်းသေဆုံးသူ ၄,၁၉၄ ဦးရှိခဲ့ရာ ယင်းမှာ ကပ်ရောဂါဖြစ်ပွားချိန်မှ စတင်ကာ တစ်ရက်အတွင်း လူသေဆုံးမှု အမြင့်ဆုံး အရေအတွက်ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်တက္ကသိုလ် Health Metrics and Evaluation ဌာနက အမေရိကန်နိုင်ငံ၌ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် COVID-19 ရောဂါဖြင့်သေဆုံးသူပေါင်း ၅၆၇,၁၉၅ ဦးထိ ရောက်ရှိလာမည်ဖြစ်ကြောင်း လက်ရှိသေဆုံးမှု အခင်းအကျင်းအနေအထားပေါ်အခြေခံ၍ နောက်ဆုံး တွက်ချက်ခန့်မှန်းထားသည်။(Xinhua)

—————————————-
(English Version)

U.S. COVID-19 cases surpass 22 million , deaths top 370,000: Johns Hopkins University

NEW YORK, Jan. 9 (Xinhua) — U.S. COVID-19 cases surpassed 22 million and deaths 370,000 on Saturday, according to the Center for Systems Science and Engineering (CSSE) at Johns Hopkins University.

With the national caseload topping 21.9 million, the death toll across the United States rose to 370,119 as of 2:22 p.m. local time (1922 GMT), according to the CSSE data.
New York State reported 39,334 fatalities, topping the U.S. state-level death toll list. Texas recorded the second most deaths of 29,645, followed by California with 29,266 deaths and Florida with 22,666 deaths, the CSSE tally showed.

States with more than 11,000 fatalities also include New Jersey, Illinois, Pennsylvania, Michigan, Massachusetts and Georgia.
The United States remains the worst-hit nation with the world’s highest caseload and death toll, accounting for more than 24 percent of the global cases and over 19 percent of the global deaths.

The United States reported over 360,000 coronavirus deaths on Jan. 6, and added 10,000 deaths in only three days.
U.S. COVID-19 daily fatalities hit 4,194 on Thursday, the highest rise in coronavirus deaths in a single day since the pandemic began, the CSSE chart showed.
An updated model forecast by the Institute for Health Metrics and Evaluation at the University of Washington projected a total of 567,195 COVID-19 deaths in the United States by April 1, 2021, based on the current projection scenario. Enditem
Healthcare workers wheel a patient to a triage tent at the Maimonides Medical Center in the Brooklyn borough of New York, the United States, April 19, 2020