Connect with us

WORLD

အီတလီနိုင်ငံတွင် သုတေသနပြုချက်အရ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ နိုင်ငံအတွင်းရှိ အမျိုးသမီးတစ်ဦး COVID-19 ရောဂါ ကူးစက်ခံထားရကြောင်းတွေ့ရှိ

အီတလီနိုင်ငံ ရောမမြို့တွင် အမျိုးသမီးတစ်ဦး နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီတလီနိုင်ငံ ANSA နှင့် la Repubblica စသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အီတလီနိုင်ငံ မီလန်တက္ကသိုလ် မှ ဦးဆောင်သော နိုင်ငံတကာ သုတေသန အဖွဲ့ က နိုင်ငံအတွင်းရှိ အရေပြားရောဂါ ဝေဒနာရှင် အမျိုးသမီး တစ်ဦး၏ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ထုတ်ယူထားသော ဓာတ်ခွဲစမ်းသပ်မှုနမူနာတွင် COVID-19 ရောဂါ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ပြီး ယင်းရှာဖွေတွေ့ရှိမှုကြောင့် အီတလီ နိုင်ငံ ၏ ပထမဦးဆုံး COVID-19 ရောဂါ စတင်ကူးစက်ခံရမှု ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ယင်းသုတေသနရလဒ်ကို British Journal of Dermatology တွင် ဖော်ပြခဲ့သည်။ သုတေသနအဖွဲ့ဝင်များ က ၂၀၁၉ ခုနှစ် နောက်ဆုံးလများတွင် အတိအကျမဖော်ပြနိုင်သည့် အရေပြားရောဂါ ဝေဒနာရှင်များ ၏ ဓာတ်ခွဲစမ်းသပ်မှုနမူနာ များကို ထပ်မံစမ်းသပ်မှု ပြုလုပ်ခဲ့ရာတွင် ဝေဒနာရှင်တစ်ဦးသည် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း ၊ ယင်းဝေဒနာရှင်သည် ထိုစဉ်က အရေပြားတွင် အနီကွက်များထွက်ပေါ်ခဲ့ပြီး လယ်ချောင်းအနည်းငယ်နာသည့် ရောဂါ လက္ခဏာများကို ခံစားခဲ့ရကြောင်း ၊ ထို့ပြင် ယင်းဝေဒနာရှင် ၏ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ယူခဲ့သည့် သွေးနမူနာတွင် COVID-19 ရောဂါ antibody ကို တွေ့ရှိခဲ့ရကြောင်း ၊ မီလန်တက္ကသိုလ် သုတေသနအဖွဲ့ဝင်များ က ယင်းကို အီတလီနိုင်ငံတွင် လက်ရှိချိန်ထိ အစောဆုံး တွေ့ရှိခဲ့သည့် COVID-19 ရောဂါ စတင်ကူးစက်ခံရသူဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ သုတေသနအား ဦးစီးဆောင်ရွက်ခဲ့သူ မီလန်တက္ကသိုလ် မှ ပညာရှင် Gianotti က သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် နောက်ဆက်တွဲ သုတေသနများ ဆောင်ရွက်ရာ၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ထက်စောသော COVID-19 ရောဂါ ကူးစက်မှုနမူနာကို တွေ့ရှိနိုင်ကြောင်း ၊ သုတေသနပြုလုပ်ရာတွင် COVID-19 ရောဂါ ကူးစက်ခံရမှု သည် အရေးပြားရောဂါ လက္ခဏာတစ်ခုသာ ပြသည်ကို တွေ့ရှိခဲ့ရသဖြင့် COVID-19 ရောဂါ ကူးစက်မှုစတင်မဖြစ်ပွားချိန်တွင် အရေပြားရောဂါ ဝေဒနာရှင်များအနေဖြင့် COVID-19 ရောဂါ ကူးစက်ခံထားရပြီး ဟုတ်မဟုတ် ကို ဆက်လက်သိရှိရန် စမ်းသပ်ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုထုတ်ပြန်မှုမတိုင်မီ အဆိုပါ သုတေသနအဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၌ အီတလီ နိုင်ငံ မြောက်ပိုင်း မီလန် နှင့် တူရင် မြို့များရှိ မိလ္လရေအတွင်း COVID-19 ရောဂါပိုးကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တွင် အီတလီနိုင်ငံ မီလန်အမျိုးသား အကျိတ်သုတေသနဌာန နှင့် အခြား သုတေသန ဌာန တို့မှ ထုတ်ပြန်ခဲ့သည့် စာတမ်း အရ COVID-19 ရောဂါ သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် အီတလီနိုင်ငံ ၌ စတင် ပျံ့ပွားနိုင်ဖွယ်ရှိကြောင်း ၊ ယင်းထုတ်ပြန်ချက်က အီတလီနိုင်ငံ မှ ထုတ်ပြန်ခဲ့သည့် ပထမဦးဆုံး COVID-19 ရောဂါ ကူးစက်ခံရမှု ထက် လ အနည်းငယ် စောနေကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际疫情)意研究发现该国一名女性2019年11月已感染新冠病毒

  新华社罗马1月11日电(记者李洁)据安莎社和《共和国报》网站等意大利媒体11日报道,意大利米兰大学牵头的一个国际研究团队从该国一名年轻女性皮肤病患者在2019年11月10日的活检样本中,发现了新冠病毒基因序列。这一结果将意大利“零号病人”出现时间再次提前到2019年11月。

  该研究结果发表在《英国皮肤病学杂志》上。研究人员对2019年最后几个月内没有得到确诊的非典型皮肤病患者活检样本进行了检测,发现该患者感染了新冠病毒,而她的症状只是皮肤出现红色斑块并有轻微喉咙疼痛。此外,该患者在2020年6月的一次血清检测中被检出新冠病毒抗体阳性。米兰大学研究人员认为,这是目前意大利发现的最早新冠病毒感染病例。

  该研究团队牵头人、来自米兰大学的贾诺蒂向媒体表示,在接下来的研究中,可能还会发现比2019年11月更早的新冠病毒感染样本。他说,研究发现一些感染新冠病毒的病例只表现出皮肤病症状,因此他们想知道在新冠疫情暴发前的皮肤病患者中是否有人已经感染了新冠病毒。

  此前,研究人员已在意北部城市米兰和都灵2019年12月的城市废水样本中检测到新冠病毒。2020年11月,意大利米兰国家肿瘤研究所等机构研究人员在该国《肿瘤杂志》上发表论文说,新冠病毒可能早在2019年9月就已在意大利传播,这比意大利报告首例新冠确诊病例早了几个月。(完)

Photo
12月24日,在意大利罗马,一名女子走过西班牙广场。新华社记者程婷婷摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.