ပေကျင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက် ထပ်တိုးအတည်ပြုလူနာ ၂ သိန်းကျော် ထပ်မံ ရှိလာခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ဘာလင်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ယခုအခါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်၏ ၉၉.၅ ရာခိုင်နှုန်းခန့်သည် အီတလီနိုင်ငံ မြောက်ပိုင်းမှ ဗီဇပြောင်းမျိုးကွဲတစ်ခုဖြစ်ကြောင်း ဂျာမန် ရောဂါပိုးမွှားဗေဒပညာရှင် Alexander Kekule က ပြောကြားခဲ့သည်။
ပေကျင်း၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC)မှ သုတေသီများက အမေရိကန်နိုင်ငံရှိ သွေးနမူနာများကို စစ်ဆေးလေ့လာကြည့်ရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ လူအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ခုခံအား ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဇာဂရက်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန် ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic သည် COVID-19 ကူးစက်ခံခဲ့ရကြောင်း အစိုးရအဖွဲ့က နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကြေညာခဲ့သည်။
ဂျကာတာ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အုပ်ချုပ်ရေးမှူး Anies Baswedan တွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ယနေ့ ဒီဇင်ဘာ ၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်က ဆေးရုံတင်ထားရသူ ၉၃,၂၃၈ ဦးရှိခဲ့ရာ ယင်းမှာ COVID-19 ရောဂါဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူရသည့် အမြင့်ဆုံး အရေအတွက်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း COVID-19 ရောဂါ ခြေရာခံစီမံချက်၏ နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်ထပ်တိုးတည်ပြုလူနာ အရေအတွက် (၁) သိန်းကျော် ရက်ပေါင်း (၂၀) ကျော် ဆက်တိုက်ရှိနေခဲ့ပြီး ဟန်ဂေရီနိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း နိုဝင်ဘာ ၂၉ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံရှိ စစ်မှုထမ်းဦးရေ ၄၀၀,၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးပေးရန် စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က နိုဝင်ဘာ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ နိုဝင်ဘာ ၂၆ ရက် ဂရင်းနစ်စံတော်ချိန် နေ့လယ် ၁၇:၃၈ နာရီအထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက် သန်း ၆၀ ကျော်လွန်သွားပြီဖြစ်ကာ...
နယူးဒေလီ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံ အစိုးရက COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဆိုင်းငံ့ထားရန် နိုဝင်ဘာ ၂၆ ရက်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။