Connect with us

WORLD

ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် COVID-19 ကူးစက်ခံရ

ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic အား တွေ့ရစဉ် (ဓာတ်ပုံ- European Union/Handout via Xinhua)

ဇာဂရက်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်

ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic သည် COVID-19 ကူးစက်ခံခဲ့ရကြောင်း အစိုးရအဖွဲ့က နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်က ဝန်ကြီးချုပ်၏ ဇနီးတွင် ဖျားနာဝေဒနာ အနည်းငယ်ခံစားခဲ့ရသဖြင့် ယင်းနေ့တွင် ရောဂါစစ်ဆေးခဲ့ရာ COVID-19 ရောဂါတွေ့ရှိခဲ့ပြီးနောက် Plenkovic သည် ၁၀ ရက်ကြာ တစ်ကိုယ်ရေသီးခြား နေထိုင်ခဲ့သည်။ ထို့နောက် ၎င်းလည်း ရောဂါစစ်ဆေးမှု ခံယူခဲ့ရာ ရောဂါမရှိဟု အဖြေထွက်ခဲ့သည်။

“ကူးစက်ရောဂါကျွမ်းကျင်သူများ၏ အကြံပြုချက်များကြောင့် ဝန်ကြီးချုပ် Andrej Plenkovic က ဒီဇင်ဘာ ၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ပြန်လည်စစ်ဆေးခဲ့ရာမှာတော့ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“လက်ရှိမှာ သူဟာ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ တာဝန်ဝတ္တရားတွေကို နေအိမ်ကနေ ဆက်ပြီးထမ်းဆောင်သွားမှာဖြစ်ပြီး ဆရာဝန်တွေနဲ့ ကူးစက်ရောဂါကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်တွေ လိုက်နာသွားမှာပါ ” ဟု အစိုးရအဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)