Connect with us

WORLD

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အုပ်ချုပ်ရေးမှူးတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိ

အင်ဒိုနီရှားနိုင်ငံဂျကာတာမြို့အုပ်ချုပ်ရေးမှူး Anies Baswedan အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အုပ်ချုပ်ရေးမှူး Anies Baswedan တွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ယနေ့ ဒီဇင်ဘာ ၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

Anies Baswedan က ဂျကာတာမြို့ မြို့တော်ခန်းမ၌ ၎င်းထံမှ PCR အာခေါင်တို့ဖက်နမူနာကို နိုဝင်ဘာ ၃၀ ရက်တွင် လာရောက်ယူခဲ့ကြကြောင်း နှင့် ဆေးစစ်ချက်အဖြေရလဒ်ကို ယနေ့ ဒီဇင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
COVID-19 ရောဂါကူးစက်ခံထားရလင့်ကစား Baswedan က ၎င်းအနေဖြင့် ကောင်းမွန်သောအခြေအနေတွင်ရှိနေပြီး ရောဂါ လက္ခဏာတစ်စုံတစ်ရာ ပြခြင်းမရှိကြောင်း ဆိုသည်။(Xinhua)