နယူးယောက်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ထရမ့်အစိုးရ၏ WHO အဖွဲ့ဝင်ကြေးပေးသွင်းမှု ယာယီရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်အား စုံစမ်းစစ်ဆေးသွားမည်ဟု အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီမှ Eliot Engelက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရောမ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် မေ ၄ ရက်မှစ၍ လုပ်ငန်းများပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်မြေပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံး လူသေဆုံးမှုဟူ၍ သိရှိထားသည့် ရက်စွဲထက် ရက် ၂၀ ကျော် စောလျင်ပြီး San Jose မှ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်၌ COVID-19 ရောဂါဖြင့် ဖေဖော်ဝါရီ...
နယူးယောက်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးတွင် COVID-19 ကြောင့်သေဆုံးသူ ၂ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) “ထရမ့်အတွက် ကာကွယ်ပြောဆိုရန် မလို ၊တရုတ်နိုင်ငံကို အပုတ်ချတိုက်ခိုက်ရင် ရပြီ”ဆိုသည့် တရုတ်ကို အာရုံလွှဲအပြစ်ပုံချမှုကတော့ အမေရိကန်အစိုးရ ၏ ကပ်ရောဂါတိုက်ဖျက်ရေးပေါ်လစီ တစ်ခုလို ဖြစ်နေသည်။
လော့အိန်ဂျလိစ် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် အစောပိုင်းက ယုံကြည်ထားသောအချိန်ထက် ရက်သတ္တပတ်များစွာ စော၍ ပျံ့နှံ့နေခဲ့ကြောင်း ယခုရက်သတ္တပတ်တွင် ထုတ်ပြန်သည့် ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သစ်များ အရသိရသည်။
ဆိုးလ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ယခုလာမည့် ဆောင်းဦးနှင့် ဆောင်းရာသီတွင် တုပ်ကွေးရာသီနှင့်ပေါင်းဆုံကာ ဒုတိယအကြိမ် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် COVID-19 ကူးစက်မှုလှိုင်းနှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ ပြင်ဆင်သွားမည်ဟု တောင်ကိုရီး ယားနိုင်ငံ၏ ကျန်းမာရေးတာဝန်ရှိသူများက ဧပြီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ဆာအိုပေါ်လို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း COVID-19 ဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့် ဆာအိုပေါ်လိုပြည်နယ်တွင် မတ် ၂၄ ရက်က စတင်ပြုလုပ်ခဲ့သည့် အသွားအလာပိတ်ပင်မှု ဆောင်ရွက်ချက်များကို မေ ၁၁ ရက်မှ စတင်ကာ တဖြည်းဖြည်းချင်း လျှော့ချသွားမည်ဟု မြို့တော်ဝန် ဂျောင်ဒိုရီယာ (Joao Doria...
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာနယ်မြေတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် လူနှစ်ဦးသေဆုံးမှုသည် အမေရိကန်နိုင်ငံ၌ ၎င်းရောဂါဖြင့် ပထမဆုံးလူသေဆုံးကြောင်း ဖော်ပြခဲ့သည့်အချိန်ထက် ရက်များစွာစောခဲ့သည်ကို အတည်ပြုခဲ့ရသည်။