Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူ  ၂ သိန်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ဆို 

အမေရိကန် နယူးယောက်မြို့ရှိ ဆေးရုံတစ်ခု၏ မြင်ကွင်းအား ဧပြီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

တစ်ကမ္ဘာလုံးတွင် COVID-19 ကြောင့်သေဆုံးသူ ၂ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

ဧပြီ ၂၅ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၁၄:၀၀နာရီတွင် ရရှိသော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၂၀၀,၆၉၈ ဦး အထိ တိုးလာပြီး အတည်ပြုလူနာအရေအတွက်သည် ၂,၈၆၅,၉၃၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၉၂၄,၅၇၆ ဦး၊ သေဆုံးသူ ၅၂,၇၈၂ ဦး ရှိပြီဖြစ်ကြောင်း၊ အီတလီတွင် သေဆုံးသူ ၂၆,၃၈၄ ဦး ၊ စပိန်တွင် သေဆုံးသူ ၂၂,၉၀၂ ဦး၊ ပြင်သစ်နှင့်ဗြိတိန်တွင်လည်း သေဆုံးသူ ၂ သောင်းကျော် အသီးသီးရှိကြောင်း သိရသည်။  (Xinhua)