Connect with us

Education & Health

၂၀၀၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို


ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့စတင်ကျင်းပခဲ့ပြီး၊ ပြီးခဲ့သည့် တချို့ ဘာသာရပ်တွင် မဖြေနိုင်ဘူးထင်သော်လည်း အမှတ်ပေးစည်းမျဉ်းထဲဝင်သည့်အခါ အောင်မှတ်ထက်မက အမှတ်ကောင်းကောင်းရနေတာတွေလည်း ရှိသည့်အတွက် နောက်ရက် ဖြေဆိုရမည့် ဘာသာရပ် ကို အာရုံပြုပြီး ဖြေဆိုစေချင်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ဆင်ဟွာကိုပြောသည်။

ဒေါက်တာခိုင်မြဲက “ဒါကြောင့် ပြီးသွားတဲ့ ဘာသာကို စိတ်ထဲမှာ မေ့လိုက်တော့ ။ မဖြေနိုင်လည်း အမှတ်ကောင်းကောင်းရနိုင်တယ်ဆိုတာ ဆရာ့အနေနဲ့ ကျောင်းသားတွေကို စကားလက်ဆောင်ပါးပါရစေ’’ ဟုပြောသည်။

စာမေးပွဲစပြီ

မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲအားလုံး ယနေ့ စတင်ဖြေဆိုကြပြီ ဖြစ်ပြီး၊ မတ်လ ၁၆ ရက်နေ့ အထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။ဗိုလ်တစ်ထောင် အထက ၂ တွင် ၁၀ တန်းဖြေဆိုခဲ့သည့် မနီလာမြင့် က “ ဒီနေ့မြန်မာစာမေးခွန်းက လွယ်ပါ-တယ်။ ဂုဏ်ထူး တစ်ဘာသာ မှန်းထားတယ်။ ဘောဂဗေဒဘာသာရပ် ကို ဂုဏ်ထူးမှန်းထားပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

မတ်လ ၇ ရက်နေ့တွင် မြန်မာစာ၊ ၈ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၉ ရက်နေ့တွင် သချာၤ၊ မတ်လ ၁၀ ရက် နှင့် ၁၁ ရက် ၂ ရက်ပိတ် ပိတ်ကာ မတ်လ ၁၃ ရက်နေ့တွင် ရူပဗေဒ၊ မတ်လ ၁၄ ရက်နေ့တွင် ဇီဝဗေဒ နှင့် ဘောဂဗေဒ၊ မတ်လ ၁၅ ရက်နေ့တွင် ပထဝီဝင် ၊ မတ်လ ၁၆ ရက် နေ့တွင် သမိုင်း ဘာသာရပ်အားဖြေဆိုရမည်ဖြစ်သည်။

ဆယ်တန်းစာမေးပွဲဖြေဆိုပြီးထွက်လာသည့် ကျောင်းသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာစာ ဖြေဆိုနိုင်သူများ

ယနေ့ဖြေဆိုရသည့် မြန်မာစာဘာသာရပ်တွင်တော့ ဆင်ဟွာသတင်းဌာန မှ မေးမြန်းခဲ့သည့် ကျောင်းသားအများစု မှာ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။ တချို့ ကျောင်းသားများလည်း ဂုဏ်ထူးမှတ်ရရန် မျှော်လင့်ကြကြောင်း သိရသည်။ မိသားစုဝင်များ အနေဖြင့်လည်း ဆယ်တန်းဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဗေဒင်ယတြာများချေခြင်းများ အပါအဝင် အစားအသောက်မှ စ၍ ဂရုစိုက်စီစဉ်ပေးလျက် ရှိကြောင်းသိရသည်။

ဆယ်တန်းစာမေးပွဲဖြေဆိုပြီးထွက်လာသည့် ကျောင်းသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ဂုဏ်ထူးမှန်းကြသည်

ဘောဂဗေဒဘာသာတွဲအားယူထားသည့် မသဉ္ဇာနှင်းဆု က “ဂုဏ်ထူးတော့မှန်းတယ်။ ဒီနှစ်မြန်မာစာမေးခွန်းက အရင်နှစ်ထက်ပိုလွယ်တယ်လို့ထင်တယ်။ သမီးက အီကိုဘာသာတွဲကိုယူထားတာပါ။ အင်ဂျင်နီယာလုပ်ချင်တယ်။ဂုဏ်ထူးရဖို့အတွက် လက်ရေးအရတော့ နည်းနည်းတော့စိတ်ပူတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ဂုဏ်ထူးရရှိရန်ကြိုးစားရသည့် ကျောင်းသားများသည် ပြန်လည်လေ့ကျင့်ခန်းများအား ဒီဇင်ဘာလောက် မှ စတင်၍ ကျက်မှတ်ခဲ့ကြကြောင်း သိရသည်။မောင်ဖြိုးမြတ်ပြည့်စုံက “၁၀တန်းပြီးရင် အင်ဂျင်နီယာလုပ်ချင်တယ်။ အီကိုတွဲယူထားတယ်။ ကျွန်တော် ဂုဏ်ထူး၃ ခု မှန်းတယ်။ ဓာတု၊ အီကို၊ သချာၤ တို့ ကို ကျွန်တော် သေချာလုပ်ထားပါတယ်။ ဒီဇင်ဘာလောက်က စပြီး ပြန်လည်လေ့ကျင့်ခန်းတွေလုပ်ခဲ့ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ဆယ်တန်းစာမေးပွဲဖြေဆိုပြီးထွက်လာသည့် ကျောင်းသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ

နိုင်ငံ တစ်ဝန်း ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ ၈၄၄၂၉၂ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူ ကျောင်းသားပေါင်း ၇၁၆,၁၈၈ ရှိခဲ့ရာ ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ ၈၄၄၂၉၂ ဦး ရှိကြောင်း သိရသည်။ ထို့အတူ ၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် တစ်နိုင်ငံလုံးတွင် နိုင်ငံခြား စာစစ်ဌာန ၂၁ ခု အပါအဝင် ၁၇၄၂ ခု ရှိကြောင်း သိရသည်။

မောင်သိန်းစိုးက “စာမေးပွဲ စစချင်းဆိုတော့ စိတ်လှုပ်ရှားနေတယ်။ ဆရာ၊ဆရာမ တွေသင်ကြားတဲ့နောက်ကို သေချာဂရုစိုက်ပြီး လေ့လာခဲ့ပါတယ်။ ဂုဏ်ထူးမှန်းထားပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။တချို့ မိသားစုဝင်တွေကတော့ ကိုယ့်သားသမီး၊ မောင်နှမကို ဖိအားမပေးပဲ စာမေးပွဲတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။အထက်တန်းရှေ့နေ ဒေါ်သီရိငယ်ငယ်ခင် က “ကျွန်မ မောင်လေးစိတ်ဓာတ်မကျ အောင် ဒီနေ့ခွင့်ယူပြီးသူစာမေးပွဲဖြေတာကို လာကြိုပေးတာ။ တတ်နိုင်သလောက်ကြိုးစားဖြေဖို့တော့ ပြောတယ်။ အရမ်းဖိအားမပေးပါဘူး။ အမှတ်နည်းရင်လည်း ကိုယ့်ဖာသာ ကြိုးစားရင် ကောင်းမွန်တဲ့ ဘဝတစ်ခု ရနိုင်တယ်ဆိုတာပြောထားတယ်။’’ ဆင်ဟွာကိုပြောသည်။

ဆယ်တန်းစာမေးပွဲဖြေဆိုပြီးထွက်လာသည့် ကျောင်းသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ဂုဏ်ထူးမှတ်

ဂုဏ်ထူးရဖို့ပြင်ဆင်သည့် ကျောင်းသားများအနေနှင့် ပထမအချက် အနေဖြင့် စာကြေညက်ရန်လိုအပ်ပြီး၊ ဒုတိယအချက်က မေးခွန်းပုံစံကို နားလည်ရန်လိုအပ်ကြောင်း ၊ မေးခွန်း ၁ခုချင်းစီအလိုက် အမှတ်ပေးစည်းမျဉ်း နှင့်ကိုက်ညီပါက ဂုဏ်ထူးများရရှိနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲကဆိုသည်။

စာမခိုးချပါနှင့်

ဒေါက်တာခိုင်မြဲက “စာခိုးချတာတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရားပေါ့။ အကျင့်စာရိတ္တပျက်ပြားတာပေါ့၊ နိုင်ငံတစ်ခုမှာ ရဲဥပဒေနဲ့ အရေးယူရတယ်ဆိုတာ ဖြစ်ခဲ့ဖူးတယ် ။ ဆရာတို့ နိုင်ငံတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့်ခိုးချတာက မိမိရဲ့အကျင့်စာရိတ္တပျက်ပြားတဲ့ ကိစ္စဖြစ်တယ်။ နောက်ကိုယ့်ရဲ့ကျောင်း၊ ကိုယ့်ဆရာ၊ ဆရာမ ရဲ့ဂုဏ်သိက္ခာကို လည်းညှိုးနွမ်းအောင်လုပ်တဲ့ကိစ္စဖြစ်သွားတော့ လုံးဝမခိုးချသင့်ဘူးလို့ ပြောချင်ပါတယ်။’’ ဟုပြောသည်။

ဆယ်တန်းစာမေးပွဲဖြေဆိုပြီးထွက်လာသည့် ကျောင်းသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

စိတ်အားမငယ်ပါနှင့်

ဒေါက်တာခိုင်မြဲကပဲ “ဆရာဆယ်တန်းတုန်းက ဂုဏ်ထူးအများကြီးထွက်တယ်။ ဒါပေမယ့် ဆရာဝန်မရခဲ့ဘူး။ စိတ်ဓာတ်ကျတာပေါ့။ ဆရာတို့ခေတ်က ဆရာဝန်၊ အင်ဂျင်နီယာမှ လူရာဝင်တာလို့အောက်မေ့တာကိုး။ ဘူမိဗေဒဘာသာရပ်ကို ဆရာက ယူလိုက်တယ်။ စိတ်ပါလို့တော့မဟုတ်ဘူး။ ကိုယ့်အမှတ်နဲ့ ကိုက်တာကိုယူတာပေါ့။ အဲ့ဒီ့အချိန်မှာ ဆရာ့ရဲ့ ဇီဝဗေဒသင်တဲ့ဆရာမ က ဆရာ့ဆီကို စာလေးတစ်စောင်ပို့လိုက်တယ်။ အဲ့ဒါကတော့ တဂိုးရဲ့ကဗျာလေးပါပဲ။ လမင်းကြီးနဲ့ လွဲလို့ ငိုမနေပါနဲ့ ၊ငိုနေခြင်းက မင်းဘဝမှာ ကြယ်တာရာတွေ နဲ့ပါလွဲသွာလိမ့်မယ်။ ကိုယ်က ရည်မှန်းချက်ထားတယ် ဆရာဝန်၊ အင်ဂျင်နီယာပေါ့။ ဒါပေမယ့် လွဲသွားလည်း အားငယ်စရာမရှိဘူး။ ဆက်ပဲကြိုးစားဖို့လိုတယ်။ ဆရာဆိုလည်း ပညာရေးမှာ ဝန်ထမ်းအကြီးအမှူးရာထူးကို ရခဲ့တယ်။ ဆရာ့ရဲ့ ဆရာမ ဆုံးမခဲ့သလိုပါပဲ လမင်းကြီးနဲ့လွဲသွားရင်တောင် ငိုနေဖို့ မလိုပါဘူး သင့်ဘဝမှာ ကြယ်တာရာတွေ အများကြီးရှိပါသေးတယ်။’’ ဟု ကျောင်းသားများအား အားပေးစကားပြောကြားခဲ့သည်။

မောင်သိန်းစိုး နှင့် အထက်တန်းရှေ့နေ ဒေါ်သီရိငယ်ငယ်ခင် တို့အားမြန်မာစာဖြေအပြီး တွေ့ရစဉ် (ဆင်ဟွာ)

စာမေးပွဲဖြေဆိုပြီးထွက်လာသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

စာမေးပွဲဖြေဆိုပြီး၍ ထွက်လာမည့်ကျောင်းသားကျောင်းသူများ ၏ မိသားစုဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် နေ့စဉ်ဖြေဆိုမှုအခြေပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–ပညာရေးဝန်ကြီးဌာန)

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင်ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူကျောင်းသားပေါင်း ၇၁၆,၁၈၈ ရှိခဲ့ပြီး ၊ ၂၄၂,၇၃၆ အောင်မြင်ခဲ့ရာ ၃၃.၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.