ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guangzhou) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် (၁၀:၄၅)နာရီ အချိန်ခန့်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားခရီးသည် တစ်ဦး သည် လေဆိပ်သို့ဝင်လာချိန်၌ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) ဖြင့် တိုင်းတာချက်အရ ကိုယ်အပူချိန်အနည်းငယ်မြင့်မားနေသည့်အတွက် ၎င်းအား...
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၈-၁၉ခု ဘဏ္ဍာနှစ်တွင် (၁၉၆) ဘီလီယံကျပ် ကို အသုံးပြု၍ ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
၁ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့သည့် ဖျားနာခရီးသည်တစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံ ရှိ သီးခြားခန်း (isolation room)သို့ ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019 nCoV...
နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ယခုထိ အဆုတ်ရောင်ရောဂါ Novel Coronavirus (2019-nCoV) ဖြစ်ပွားသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ နေပြည်တော်၌ ပြုလုပ်သော ရောဂါ ကြိုတင်...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ရက် (ဆင်ဟွာ) ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) တွင် မိခင်နို့ရည်ဘဏ်ကိုအဆင့်မြှင့်တင်ခြင်း၊ စံသတ်မှတ်ခြင်းများပြုလုပ်၍ နိုင်ငံတကာအဆင့်မီ နို့ရည်ဘဏ်အဖြစ်ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အချို့ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ မအိပ်မနေစာကျက်နိုင်ရန်အတွက် မူးယစ်ဆေး၀ါးမှန်း မသိဘဲ ဆေး၀ါးများ တိုက်ကျွေးနေခြင်းကို ကြားသိရသောကြောင့် ကျောင်းသားများကို အားဆေးမတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့၊ နံနက်(၈)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် MEMBER OF SAE PAING DEVELOPMENT LIMITED တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ရန်ကုန်တိုင်းဒေသကြီး မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး များဆောင်ရွက်ရန် အသိပေးနှိုးဆော်ချက်အား ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။