Connect with us

Education & Health

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ လေယာဉ်ခရီးဖြင့်ရောက်ရှိလာသည့် ကျောင်းသူ ၇ ဦးအား COVID-2019 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိ 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီ ၅၅ မိနစ် တွင် ဆိုက်ရောက်လာသည့် လေယာဉ်ခရီးစဉ်အမှတ် 8M 802 ဖြင့် လိုက်ပါစီးနင်းလာခဲ့သည့်  ခရီးသည် ၇ ဦးကို COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိ ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါခရီးသည် ၇ ဦး သည် COVID-19 ရောဂါဖြစ်ပွားလျက်ရှိသော ကိုးရီးယားသမ္မတနိုင်ငံ ၊ ဒယ်ဂူးမြို့မှ လိုက်ပါလာကြသည့် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသူ ၇ ဦးဖြစ်ကြောင်း၊ ၎င်းတို့တွင်ဖျားခြင်း နှင့် တစ်ခြား အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း၊ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ နှင့် ထိတွေ့မှု မရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့ သော်လတ်တလော COVID-19 ဖြစ်ပွားမှုရှိသည့် ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ခရီးသွားရာဇဝင်ရှိသည့် အတွက် ၎င်းတို့ကို ရန်ကုန်မြို့ ၊ ဝေဘာဂီ ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်ထားပြီး စောင့်ကြည့်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း  သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 

မြန်မာနိုင်ငံအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းအချက်အလက်များအားစဉ်ဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။  (Xinhua)