ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆရာဝန်အသင်း၏ မျက်စိရောဂါပညာအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်သော အကြိမ်(၃၀) မြောက် မျက်စိဆရာဝန်များ ၏ နှစ်ပတ်လည် ညီလာခံကို အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့ နိုဗိုတယ်လ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဆေးယဉ်ပါးတီဘီ၊ ပြင်းထန်ဆေး ယဉ်ပါးတီဘီတို့ကို နည်းပညာ သစ်များအသုံးပြု၍ စစ်ဆေးပေးနိုင်ပြီဖြစ်သဖြင့် ကုသရန် ကျန်ရှိသည့် လူနာများ လျော့နည်း သွားနိုင်မည်ဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုထက်ပိုမို လျင်မြန်သော အရှိန်အဟုန် ဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) အမျိုးသားအဆင့် ဘက်စုံ ကျောင်းကျန်းမာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၇-၂၀၂၂) အသိပေး မိတ်ဆက် ခြင်း အခမ်းအနားအား နေပြည်တော်၌ စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ အစာအဆိပ်သင့်ဖြစ်ပွား၍ ၈ ဦး ဆေးရုံတက်ကုသခံယူမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) မိခင်နှင့်ကလေး ကျန်းမာရေး စီမံချက်တစ်ခုဖြစ်သည့် မိခင်နှင့် ကလေး ကျန်းမာရေးအတွက် သားဆက်ခြားနည်းလမ်းများဆောင်ရွက်ခြင်း (family planning)သည် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုတို့ကို သိသာထင်ရှားစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာ၍ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လုပ်ငန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) နေပြည်တောင်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ပိုးသတ်ဆေးကျဲပက်ရာမှ ၄၃ ဦး မူးဝေအော့အန်၍ ဆေးရုံတက်ရောက်ကုသမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံဆေးသုတေသန ညီလာခံ (47th Myanmar Health Research Congress) ကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်မှ ၁၁ ရက် အထိ ကျင်းပ ပြုလုပ်...