Connect with us

Education & Health

လူငယ်များအား ပြဿနာများကို မကြောက်တတ်ဖို့ လေ့ကျင့်ပေးစေချင်

ပညာရေး နှီးနှောဖလှယ်ပွဲသို့  နိုင်ငံတော်၏ အတိုင်ပင်ခံ တက်ရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

လူငယ်များ၊ ကျောင်းသူ ကျောင်းသားများအား ပြဿနာများကို မကြောက်တတ်စေဖို့ လေ့ကျင့်ပေးစေ လိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် ပြောကြားခဲ့သည်။

“လူငယ်တွေ။ ကျောင်းသူ ကျောင်းသားတွေကို ပြဿနာတွေကို မကြောက်တတ်ဖို့ လေ့ကျင့်ပေးစေလို ပါတယ်၊ လုပ်ငန်းရှိရင် ပြဿနာ ရှိမယ်၊ ပြဿနာ ဆိုတာ ကြောက်စရာမဟုတ်ဘူး၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာဖွေတတ်ဖို့ကသာ အရေးကြီးတယ်ဆိုတာကို ငယ်စဉ်ကတည်းက သိစေချင်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ ကျင်းပသော ၂၀၁၈ ခုနှစ် ပညာရေး တိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

မျက်မှောက်ခေတ် လူငယ်များ ခေတ်သစ် လူ့ ဘောင်တွင် ရပ်တည် ရှင်သန်နိုင်ရန် အချက်အလက်များ ကို မှတ်မိရုံသာမက တွေးခေါ်တတ်၊ စိစစ်တတ်ပြီး ပြဿနာများကို ဖြေရှင်းတတ်ဖို့ အလွန်အရေးကြီး ကြောင်း၊ ကျောင်းသူ ကျောင်းသားများ အလွတ်ကျက်မှတ်သော အလေ့အထဖြင့် သင်ယူစေသည့် အခြေအနေမှ ကျိုးကြောင်းဆက်စပ် တွေးခေါ် သင်ယူတတ်သည့် ကလေးများ ဖြစ်အောင် လေ့ကျင့် ပေးဖို့ အရေးကြီးကြောင်း၊ ထိုသို့ လေ့ကျင့် သင်ကြားရာတွင် သင်ရိုး ညွှန်းတမ်းပါ အကြောင်းအရာ များ သာမက ပြင်ပ အကြောင်းအရာများကိုပါ ဆက်စပ်လေ့လာ တတ်ဖို့ အတွက် ယေဘုယျအားဖြင့် အချက်အလက် စုဆောင်းခြင်း(Collection of Data)၊ စိစစ် ခြင်း(Analysis)၊ ပြသနာများ အဖြေ ရှာခြင်း(Problem solving)၊ ဆွေးနွေးခြင်း(Discussion)၊ … စသည့် အချက်များဖြင့် ဆောင်ရွက်နိုင် အောင် အခြေခံပညာကျောင်းများမှ စပြီး Group work, Project Activity, Case Study, Methods စသည့် သင်ကြား သင်ယူမှု လုပ်ငန်းများ အသုံးပြုဖို့ လိုအပ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ပညာရေး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

အခြေခံပညာ ပြခန်းများအား ကြည့်ရှု အားပေးစဉ် (ဆင်ဟွာ)

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ခုဆိုရင် ကျွန်မတို့အစိုးရက လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားဖို့ ဆောင်ရွက်နေတယ်ဆိုတာ အများအသိပါပဲ၊ စာရိတ္တမဏ္ဍိုင်ကို တညဆောက်နိုင်ဖို့ ကလေးဘဝက စပြီး လေ့ကျင့် ပျိုးထောင်ပေး ဖို့ လိုပါတယ်၊ နိုင်ငံနဲ့ လူမျိုး ဂုဏ်သိက္ခာအတွက် ကအဂတိလိုက်စားမှု ကင်းစင်ခြင်းကို ပြသနိုင်ဖို့ အခြေခံပညာ ကျောင်းတွေမှာ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဝေါဟာရတွေစကားလုံးတွေ သုံးပြီး အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးများနဲ့ မိမိပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်ပုံများ၊ ရိုးသားတဲ့ အမူအကျင့်များ၊ ကိုယ့်အကျိုးနဲ့ အများအကျိုး ကွဲပြားခြားနားမှုနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုတွေ ကို Edutainment အစီအစဉ်တွေနဲ့ ကိုယ်ကျင့်သိက္ခာ မြှင့််တင်ရေးအတွက် ပညာရေး၊ အဂတိလိုက် စားမှု တိုက်ဖျက်ရေး အဖွဲ့ဝင်တွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတွေကို လေ့ကျင့်ပေးဖို့ စီစဉ်လျက် ရှိပါတယ်၊ ဒီအစီအစဉ် ဟာ ကလေးများအတွက် အလွန်ကောင်းမွန်ပါတယ်” ဟုလည်း ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူချုပ်များနှင့် ပညာရေးဌာနများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၅ ရက် ထိ နှစ်ရက်တိုင် ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.