Connect with us

Education & Health

နေပြည်တော် ပြည်သူ့ဆေးရုံကြီး၌ ဆီးချိုရောဂါပညာပေးကုသဌာနှင့် အထူးကုပြင်ပလူနာဌာန (၂) ဖွင့်လှစ်

နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆီးချိုရောဂါပညာပေးကုသဌာဖွင့်ပွဲ ကျင်းပစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် – ၁၀၀၀)၌ နိုဝင်ဘာ ၁၃ ရက်၌ ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန (၂)အား ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆီးချိုရောဂါပညာပေးကုသဌာန(Diabetes Center of Excellence)များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ဆီးချို ရောဂါပညာပေးကုသဌာန နှင့် အထူးကုပြင်ပလူနာဌာနတို့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ဆေးရုံကြီးများတွင်လည်း ယခုကဲ့သို့ ဆီးချိုရောဂါပညာပေးကုသဌာန(Diabetes Center of Excellence)များ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းကဆိုသည်။

ဆီးချိုရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါများကို ကာကွယ်ထိန်းချုပ်ရာတွင် ဆေးပညာဘာသာရပ်မျိုးစုံမှ ပညာရှင်များက ကုသစောင့်ရှောက်မှုပေးရန်လိုအပ် သကဲ့သို့ ပြည်သူ့ကျန်းမာရေး မဟာဗျူဟာ၊ နည်းဗျူဟာများကို အဓိကထား အသုံးပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကျန်းမာရေးဌာန နှင့် ဒေသန္တရကျန်းမာရေးဌာန (၁၇၇၅)ခု၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါကုသရေးဆေးခန်းများဖွင့်လှစ်၍ ပြည်သူများလက်လှမ်းမီစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.