နေပြည်တော်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် လိုအပ်လျက်ရှိသော ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ်ငွေ သန်း လေးရာ အကုန် အကျခံ တည်ဆောက် ပေးမည့် စီမံကိန်း သဘောတူ စာချုပ်ကို ယနေ့နံနက်ပိုင်းက...
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ပုဂ္ဂလိကျန်းမာရေးလုပ်ငန်းလိုင်စင် အသစ်လျှောက်ထားသော လုပ်ငန်း(၁၄)ခုအား လုပ်ငန်း လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၃/၂၀၁၈)အစည်းအဝေးထံမှ သိရသည်။
နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) မျိုးဆက်သစ်လူငယ်များကိုလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အားစုပေါင်း နှိမ်နင်းကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့နံနက် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၃၉၅ ကျောင်းကို ခေတ္တပိတ်ထားခဲ့ရာ ဇွန် ၁၈ ရက်တွင် ကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ၂၀၁၈ခုနှစ် ပေကျင်းပညာရေးပြပွဲကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့Taw Win Garden Hotelတွင် ကျင်းပခဲ့ရာ တက္ကသိုလ်ကျောင်းများ၊ ပြင်ပစာသင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား တခဲနက်လာရောက်လေ့လာမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။
ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်း အရေးပေါ် လူနာများ ကုသခြင်း နှင့် လွှဲပြောင်းခြင်း ဆေးခန်း ဖွင့်လှစ်ထားရှိလိုက်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ၏ သတင်းအချက်နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံအား သတင်းအချက်နည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ၏ဝက်ဆိုက် www.myanmar-education.edu.mm တွင်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဝက်ဆိုက် www.uit.edu.mm တွင်လည်းကောင်း Download လုပ်၍ရယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ပညာသင်ကြားရာ သင်ယူရာတွင် သီအိုရီပိုင်းကို ကောင်းစွာ နားလည် သဘောပေါက်ပြီး နည်းပညာ နှင့် ပူးပေါင်း သင်ကြားမည်ဆိုလျှင် အမှန်တကယ် အောင်မြင်သည့် သင်ကြား သင်ယူမှုကို ဖြစ်စေမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ထံသို့ တက္ကသိုလ်ဝင်ခွင့်ကို ယခုလအတွင်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊...
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) သွားနှင့်ခံတွင်းဆိုင်ရာပညာရပ်များအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို လက်ရှိအခြေအနေအချိန်အခါနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည်သုံးသပ်၍ ခေတ်နှင့်အညီပြုပြင်မွမ်းမံသွားရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။