Connect with us

Education & Health

မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနေသည့် မိခင်များအား အားဖြည့်ကူညီခြင်း အထိမ်းအမှတ်အဖြစ် လူထုအသိပညာပေး လှုံ့ဆော်မှုကျင်းပ

အမွှာသမီးလေး နှစ်ဦး ၏ မိခင်ဖြစ်သူ သရုပ်ဆောင်၊ တေးသံရှင် ဒေါက်တာချစ်သုဝေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနေသည့် မိခင်များအား အားဖြည့်ကူညီခြင်း အထိမ်းအမှတ်အဖြစ် လူထုအသိပညာပေး လှုံ့ဆော်မှု အစီအစဉ်တစ်ရပ်ကို ယနေ့ ရန်ကုန်ပန်းချီပြခန်း တွင်ကျင်းပခဲ့သည်။

မွေးကင်းစကလေးငယ်များသည် ၆ လသားအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာလိုအပ်ကြောင်း ဤလှုံ့ဆော်မှုအစီအစဉ်ဖြင့် ပြသရန်ရည်ရွယ်ကြောင်း သိရသည်။

ကလေးငယ်များ၏ဘဝအစဖြစ်သော ပထမ ၆ လ တွင် မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်းအားဖြင့်ရရှိမည့် အထူးကောင်းမွန်လှသည့် အကျိုးကျေးဇူးများအကြောင်းကို လူအများ ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်၍ ကမ္ဘာတစ်ဝန်းရှိ ကလေးအခွင့်အရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအဖွဲ့ အစည်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊အနုပညာရှင်များ၊ ဆေးရုံများ၊ ကျန်းမာရေးစင်တာများ၊ စီးပွားရေးလုပ်ငန်းများနှင့်အတူ ပူးပေါင်းကာ “၆လ – မိခင်နို့မှတပါး အခြားမလို” လူထုအသိပညာပေး လှုံ့ဆော်မှု အစီအစဉ်ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

အမွှာသမီးလေး နှစ်ဦး ၏ မိခင်ဖြစ်သူ သရုပ်ဆောင်၊ တေးသံရှင် ဒေါက်တာချစ်သုဝေက “သမီး ၂ ယောက် အမေအနေနဲ့ ပြောရရင် သမီးလေးနှစ်ယောက် မွေးတဲ့အခါ အမေတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြုံတွေ့ခဲ့ရပါတယ်။ မိခင်နို့က အရမ်းအရေးကြီးလို့ အမွှာသမီးလေး ၂ ယောက်လုံးကို လုံလုံလောက်တိုက်ချင်တယ်။ မွေးစကနေ ၆လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်တဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်လေး နဲ့ သစ်လေးက ၁ နှစ် အထိ ဝမ်းပျက်ဝမ်းလျှော၊ ဖျားနာ မဖြစ်ခဲ့ဘူး။ ကလေးကြို့ထိုး လို့ ရေတိုက် တာမျိုး ရှိတယ်။ အဲ့ဒါမလိုပါဘူး။ မိခင်နို့မှာ ရေဓာတ်ပါပါတယ်။ မွေးစကနေ ၆လ အထိ ရေအပါအဝင် တခြားဖြည့်စွက်စာ မကျွေးသင့်ပါဘူး။’’ ဟု သူ့အတွေ့အကြုံအား ဝေမျှခဲ့သည်။

အဆိုတော်တစ်ဦးဖြစ်ပြီး လှုံ့ဆော်ပွဲသံတမန်တစ်ဦးဖြစ်သူ အနုပညာရှင်ဆုန်သင်းပါရ် က “ဒီလှုံ့ဆော်မှုအစီအစဉ်မှာ အနုပညာရှင် တစ်ယောက်အနေနဲ့သာ ပါဝင်ဖြစ်ခဲ့တာမဟုတ်ဘဲ ကိုယ်တိုင်ကလည်း မိခင်ဖြစ်တာကြောင့် စိတ်အားထက်သန်စွာနဲ့ ပါဝင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့လည်း မိခင်တစ်ယောက်အနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို သိနားလည်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေအားလုံး မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးနိုင်ဖို့အတွက် ကျွန်မတို့အားလုံး အတူတူ တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်း လိုက်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပါမောက္ခဒေါက်တာစောဝင်းက “အခြားအစားအစာများ၊ ရေ သို့မဟုတ် နို့မှုန့်တိုက်ကျွေးခြင်း အလျဉ်းမလိုအပ်ဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ၎င်းတို့၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကို လျင်မြန်စွာဖွံ့ဖြိုးစေသည့် အကောင်းဆုံးအာဟာရများကို ပေးစွမ်းနိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံထားကြပါတယ်’’ ဟုပြောကြားသည်။

ယနေ့မှစတင်၍ မိခင်များအနေဖြင့် မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးနိုင်ရေးအတွက် အားပေးကူညီနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိသတ်မှတ် ဆေးရုံများ၊ ကျန်းမာရေးစင်တာများရှိ မိခင်သစ်ပေါင်း ၇,၀၀၀ ခန့်တို့အတွက် အထူးစီစဉ်ထားသည့် မေမေလက်ပတ် အထုပ်လေးများကို ပေးအပ်သွားမည် ဖြစ်သည်။ လက်ပတ်အထုပ် တစ်ခုချင်းဆီတွင် ကလေးငယ်၏ မွေးနေ့ထည့်သွင်းခြင်းနှင့်၆လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းမှတ်တိုင်တို့ကို ထည့်သွင်းနိုင်သည့် မေမေလက်ပတ်ပါဝင်ပြီး၊ မိခင်အနေဖြင့် မိမိရင်သွေးငယ်လေးများ၏ ဖွံ့ဖြိုးကြီးထွားမှု ဘဝမှတ်တိုင်များကို လူမှုကွန်ယက်မီဒီယာတွင် မျှဝေအသုံးပြုနိုင်မည့် ဖွံ့ဖြိုးမှုဆိုင်ရာနှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြံပြုချက်များပါဝင်သော လစဉ်အလိုက်အမှတ်အသားလေးများ အစုံလိုက်ပါဝင်ကြောင်း၊ ထို့အပြင် မိခင်များ၏ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီနိုင်ရေး အဓိကကူညီပေးကြမည့် မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်းများကို ပေးအပ်နိုင်ရန် အားပေးကူညီသူ လက်ပတ်အထုပ် သုံးထုပ်ကိုလည်း ထပ်မံရရှိမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အသိအမှတ်ပြု ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ စီစဉ်တင်ဆက်ထားသည့် ဉာဏ်စမ်းများ၊ ဗီဒီယိုများအပါအဝင် မိခင်နှင့် ဖခင်များ လေ့လာနိုင်မည့် မိခင်နို့ တိုက်ကျွေးခြင်းနှင့် မွေးကင်းစကလေးများ၏ အာဟာရဆိုင်ရာ ဗဟုသုတများပါဝင်သည့် လူသိများသော maymay မိုဘိုင်းလ်အက်ပလီကေးရှင်းနှင့် မိခင်တိုင်းချိတ်ဆက်နိုင်ရန်လည်း အဆိုပါ လှုံ့ဆော်မှု အစီအစဉ်တွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းမှ အနုပညာရှင်များ ဖြစ်ကြသည့် ချစ်သုဝေ၊ ဒေါ်နွဲ့နွဲ့စမ်း၊ R ဇာနည်၊ ဝတ်မှုံရွှေရည်၊ ဆုန်သင်းပါရ်နှင့် ဒေါက်တာစောဝင်းတို့မှလည်း ပါဝင်ကူညီအားဖြည့်ထားကြပြီးလှုံ့ဆော်မှုအစီအစဉ်နှင့် စပ်လျဉ်း၍ ၎င်းတို့ ပါဝင် ရိုက်ကူးပုံဖော်ထားသည့် ဗီဒီယိုအတိုလေးများကိုလည်း Facebook စာမျက်နှာတွင် ဝေမျှသွားမည် ဖြစ်ကြောင်း၊ ဆက်လက်ပြီး အဆိုပါ အနုပညာရှင်များ ပါဝင်အားဖြည့်ထားသည့် “၆လ – မိခင်နို့မှတပါး အခြားမလို” ဆိုသည့် လှုံ့ဆော်မှုအစီအစဉ်ဆိုင်ရာ အသိပညာပေးပိုစတာများကိုလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေးစင်တာများနှင့်ဆေးရုံများတွင်ဖော်ပြကာ လှုံ့ဆော်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၆လ – မိခင်နို့မှတပါး အခြားမလို ဆိုသည့် လူထုအသိပညာပေးလှု့ံ့ဆော်မှုအစီအစဉ်ကို Save the Children၊ UNICEF ၊ Alive & Thrive ၊ GIZ၊ 3MDG နှင့် LIFT တို့မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး၊ City Mart Holding Co., Ltd နှင့် KBZ ဘဏ်တို့မှလည်း ပါဝင်ကူညီအားဖြည့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.