Connect with us

Education & Health

FDA အနေဖြင့် ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လုပ်ငန်းများဆောင်ရွက်ကြရန်လိုဟု ပြည်ထောင်စုဝန်ကြီးဆို

FDAတွင် အစားအသောက်များ စစ်ဆေးနေမှုအားတွေ့ရစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာ၍ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လုပ်ငန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဘေးအန္တရာယ်ကင်း၍ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများဖြစ်စေရန် စစ်ဆေးနိုင်ခြင်းသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးအတွက် လွန်စွာအကျိုးရှိကြောင်း၊ကျန်းမာရေးကောင်းမွန်မှု (သို့မဟုတ်) မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုသည် ပြည်သူများ နေ့စဉ်စားသောက် နေသော အစားအစာများ အပေါ်တွင် (၈၀) ရာခိုင်နှုန်းခန့် မူတည်နေကြောင်း ၎င်းကဆိုသည်။

အစားအသောက်ဓာတုဗေဒဆိုင်ရာ နိုင်ငံတကာအဆင့်မီ ရည်ညွှန်းဓာတ်ခွဲခန်း အပါအဝင် ဓာတ်ခွဲခန်းများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား သိရှိရန် နှင့် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၁၂ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သို့ သွားရောက်၍ အစားအသောက်ဓာတုဗေဒဆိုင်ရာ နိုင်ငံတကာအဆင့်မီ ရည်ညွှန်းဓာတ်ခွဲခန်း (Food Chemistry Laboratory and Molecular Laboratory)၊ ဆေးဝါးဓာတု ဓာတ်ခွဲခန်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အဏုဇီဝဓာတ်ခွဲခန်း၊ ဆေးဝါးထိန်းချုပ်မှုဓာတ်ခွဲခန်း အပါအဝင် ဓာတ်ခွဲခန်းများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု စက်ပစ္စည်းများ တပ်ဆင်ထားသော ရွေ့လျားဓာတ်ခွဲခန်းကားများ (mobile lab) နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းကြီးသည် အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် နိုင်ငံတကာအဆင့်မီ စစ်ဆေးပေးနိုင်ကြောင်း၊

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုစက်ပစ္စည်းများ တပ်ဆင်ထားသော ရွေ့လျားဓာတ်ခွဲခန်းကားများ (mobile lab) (၁၄) စီးထပ်မံဝယ်ယူထားပြီး တိုင်းဒေသကြီးပြည်နယ်များ၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်၊ ဆေးဝါးနှင် အလှကုန်ပစ္စည်းများ ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းစစ်ဆေးသွားနိုင်မည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.