Connect with us

Education & Health

ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှ တဆင့်ကူးစက်ရောဂါဖြစ်ပွားသူ ၄၀၀ကျော်ရှိဟုဆို

ရေချိုခရုမှ တဆင့်ကူးစက်သော သန်ပြားကောင် ရောဂါ (Schistosomiasis) ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှ တဆင့်ကူးစက်သော သန်ပြားကောင် ရောဂါ (Schistosomiasis) ရောဂါဖြစ်ပွားသူ ၄၀၀ကျော်ရှိကြောင်း မြောက်ဦးမြို့နယ် နှင့် စစ်တွေမြို့နယ်များ သို့ ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့မှုပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရုံးချုပ် မှ Technical Officer Dr. Jiagang Guoပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် သြဂုတ် ၂၀ ရက်ထိ Schistosomiasis သန်ပြားကောင်ရောဂါ သံသယလူနာ (၈၂၈)ဦး အနက် ဓာတ်ခွဲအတည်ပြုလူနာ (၄၂၈)ဦး တွေ့ရှိခဲ့ကြောင်း၊ ရောဂါဖြစ်ပွားသူလူနာများနေထိုင်ရာ ပတ်ဝန်းကျင်အနေအထားနှင့် ရောဂါပိုးသယ်ဆောင်သည့် ခရုအမျိုးအစားရှာဖွေ စုံစမ်းခဲ့မှုပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရှင်များပါဝင်သော အဖွဲ့၏ ရေချိုခရုမှ တဆင့်ကူးစက်သော သန်ပြားကောင် ရောဂါ (Schistosomiasis) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် နှင့် စစ်တွေမြို့နယ်များ သို့ ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့မှုနှင့်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရေချိုခရုမှ တဆင့်ကူးစက်သော သန်ပြားကောင် ရောဂါ (Schistosomiasis) ရောဂါနှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုသခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို စနစ်တကျထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် Schistosomiasis သန်ပြားကောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ (Schistosomiasis control program) ကို အမြန်ဆုံးဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါရောဂါသည် သန်ပြားကောင်တစ်မျိုးဖြစ်သော Schistosoma မျိုးစိတ်မှဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်း ပိုးကို ခရုများကတစ်ဆင့် သယ်ဆောင်လာကာ Schistosoma သန်ပြားကောင်ကို သယ်ဆောင်သည့် ခရုပေါက်ဖွား နေသော မသန့်ရှင်းသောရေ နှင့် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.