Connect with us

Education & Health

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အစည်းအဝေးတက်ရောက်


ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သော ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်နေမှုများအား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ရန်ကုန်တက္ကသိုလ်ကို ရေတိုရေရှည်စီမံကိန်းများချမှတ်ပြီး ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် ၍ ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး တက္ကသိုလ်အဆင့် မြှင့်တင်နိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပချိန်အထိကို ရေတို စီမံကိန်းအဖြစ်လည်းကောင်း၊ ၂ဝ၃ဝ ပြည့်နှစ်အထိကို ရေရှည်စီမံကိန်းအဖြစ် လည်းကောင်း ချမှတ်ရေးဆွဲ ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.