Education & Health
နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးသတင်းပို့စနစ် တစ်ခု တည်ထောင်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးသတင်းပို့စနစ် တစ်ခုကို တည်ထောင်ကာ စဉ်ဆက်မပြတ် အချက်အလက်များ ဖြည့်ဆည်း၍ ရောဂါများကို စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
တိကျမှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိသုံးစွဲခြင်းဖြင့် လက်တွေ့ကျသော စီမံကိန်းများကို မြို့နယ်အဆင့်မှ စတင်ရေးဆွဲပြီး ကုန်ကျစရိတ်ကိုပါ တွက်ချက်နိုင်မည်ဖြစ်သောကြောင့် လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှကျန်းမာရေး စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ဗဟိုအဆင့်မှ တာဝန်ထမ်းဆောင်နေကြသော စီမံချက် မန်နေဂျာများသည် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကုသရေးဦးစီးဌာန မှူးများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ရန်လိုကြောင်း ဒေါက်တာမြင့်ထွေးကဆိုသည်။ (Xinhua)