Connect with us

Education & Health

အာဟာရဖွံ့ဖြိုးမှုနှင့် ပတ်သက်သော သုတေသန လုပ်ဆောင်ထားခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီး ဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အာဟာရဖွံ့ဖြိုးမှုနှင့် ပတ်သက်သော သုတေသန လုပ်ဆောင်ထားခြင်းမရှိသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ပြည်သာယာခန်းမ၌ကျင်းပသည့် အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီး ဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားသည်။

အာဟာရပြည့်ဝရေးဆောင်ရွက်ချက်သည် မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်၏ တစ်စိတ် တစ်ဒေသဖြစ်ပြီး ကလေးများ၏ ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး သည် မိဘများ၏ အခြေအနေနှင့်လည်း များစွာ သက်ဆိုင်နေပါကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအကောင် အထည်ဖော် ရာ၌ ဒေသနှင့် သင့်တော်သည့် နည်းစနစ်များအသုံးပြုရန် လိုအပ်ပြီး မိမိတို့၏နိုင်ငံတွင် အာဟာရ ချို့တဲ့မှု မည်သည့် အခြေအနေတွင် ရှိနေသည်ကိုသိရှိထားရန် လိုအပ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ သုတေသန လုပ်ဆောင်ထားခြင်း မရှိသေးသည်ကို တွေ့ရပါကြောင်း၊ ရှေ့လုပ်ငန်းများကို မည်သည့်ပုံစံဖြင့် အကောင်အထည်ဖော် သွားမည်ကို ဆုံးဖြတ်နိုင်ရန် ယခုကဲ့သို့အစည်းအဝေးများ မကြာခဏကျင်းပရန် လိုအပ်ပါကြောင်း ၎င်းက ပြောသည်။

ယင်းဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ဒေါက်တာ ဇော်မြင့်မောင်နှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့ အစည်းများ က မြန်မာနိုင်ငံ၏ အာဟာရ အခြေအနေနှင့် လာမည့်နှစ်များတွင် အာဟာရနှင့် ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.