Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း အချို့အား ယာယီရပ်ဆိုင်းအရေးယူကြောင်းထုတ်ပြန်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် စစ်ဆေးခဲ့သည့် သောက်ရေသန့်လုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင်စစ်ဆေးခဲ့ရာ စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် စစ်ဆေးခဲ့သည့် သောက်ရေသန့်လုပ်ငန်းတစ်ခုအားတွေ့ရစဉ်(အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)

မေလ ၇ ရက်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံ(Layout)ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှှုရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့ မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားမှုမရှိခြင်းတို့ ကြောင့် ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းတွေ့ရှိရ၍ စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.