Connect with us

Environment, Disasters & Accidents

သဘာဝဘေး ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၁၂၄ သန်းချေးယူလို

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၈ ရက် (ဆင်ဟွာ)

အရှေေ့တာင်အာရှ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု စီမံကိန်း (SEADRM:_ Southeast Asia Disaster Risk Management Project) အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၁၂၄ သန်း ချေးယူလိုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးသို့ ထိုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကိုယ်စား တင်ပြခဲ့သည်။

“ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာ ၁၂၄ သန်းနဲ့အတူ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ တစ်သန်း စုစုပေါင်း ၁၂၅ သန်းတို့နဲ့ အဓိကအားဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ပြီး ကျွန်တော်တို့ဝန်ကြီးဌာနကလည်း စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုကို ပါဝင် အကောင်အထည်ဖော် ဆောင်ရွက် သွားမှာပါ” ဟု ၎င်းက ပြောသည်။

စီမံကိန်း လုပ်ငန်းများ အပိုင်း ငါးခု ရှိရာ အပိုင်း(၁)မှာ အရှေ့တောင်အာရှ သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ အာမခံ ရန်ပုံငွေ ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ (၂) မြို့ပြ ရေကြီးရေလျှံမှု အန္တရာယ် များအား စီမံခန့်ခွဲခြင်း၊ (၃) အများ ပြည်သူ ဝန်ဆောင်မှု အဆောက်အအုံ ပိုမို ဘေးကင်း လုံခြုံမှု ရှိစေ ရန် ဆောင်ရွက်ခြင်း၊ (၄) အသိညာပေးခြင်းနှင့် စီမံကိန်း စီမံခန့်ခွဲခြင်း၊ (၅) အရေးပေါ် တုံ့ပြန်ခြင်း တို့ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အပိုင်းလိုက် ချေးငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက “အပိုင်း ၁ အတွက် ဒေါ်လာ သန်း ၂၀ လျာထားပြီးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပါမယ်၊ SEADRIF (Southeast Asia Disaster Riskn Insurance Facility) ထူထောင်ရာမှာ ပါဝင်ဆောင်ရွက်ဖို့ရန်ပုံငွေ ထည့်ဝင်တာပါ။ SEADRIF ဆိုတာက ဒေသတွင်း နိုင်ငံများ ပူးပေါင်းပြီး ရန်ပုံငွေ တစ်ရပ် ထူထောင်ကာ နိုင်ငံတကာရှိ အာမခံ အဖွဲ့အစည်းများသို့ ပြန်လည် အာမခံ ထားခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

အပိုင်း ၂၊ ၃ နှင့် ၄ တို့ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၀၄ သန်း သုံးစွဲရန် လျာထားကြောင်း၊ ရန်ကုန်မြို့တော် ရေမြောင်း စနစ်နှင့် မြစ်ထွက်ပေါက်များ အကြား ထပ်မံ လိုအပ်လာနိုင်သည့် မြေအောက်မြောင်းများ ရေသိုလှောင်နိုင်သော နေရာများ ခေတ်မီ မြစ်ထွက်ပေါက် ရေတံခါးများ တည်ဆောက်ခြင်း၊ မြစ်ထွက်ပေါက်များတွင် အလို အလျောက် ရေထိန်းတံခါးများ တပ်ဆင်ခြင်း၊ စွမ်းအားမြင့် ရေစုပ်စက်များ အမှိုက်စစ် ဆန်ကာများ၊ အရန် မီးစက်များ ပါဝင်သည့် စနစ်တစ်ခုလုံးနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် နိုင်ငံတကာ အဆင့်မီ အလိုအလျောက် စောင့်ကြည့် လေ့လာ ထိန်းချုပ်သည့် စနစ် တပ်ဆင် အသုံးပြုမှုများ ပါဝင်သည့် မြို့ပြ ရေကြီး ရေလျှံမှုအား စီမံခန့်ခွဲမည့် အပိုင်း ၂ အတွက် ဒေါ်လာ ၇၇ သန်း၊ အများပြည်သူ ဝန်ဆောင်မှု အဆောက်အအုံများ ဘေးကင်း လုံခြုံရေးအတွက် ပြုပြင် မွမ်းမံမည့် အပိုင်း ၃ အတွက် ဒေါ်လာ ၂၂ သန်း၊ ကော်မတီ လုပ်ငန်းများ ရေရှည် တည်တံ့ ခိုင်မြဲစေရန် ဝန်ထမ်းများနှင့် အဖွဲ့ အစည်းများအား စွမ်းဆောင်ရည် တိုးမြှင့်ခြင်း အသိပညာပေးခြင်း အပါအဝင် စီမံကိန်းအား စီမံ ခန့်ခွဲခြင်းတို့ကို ဆောင်ရွက်မည့် အပိုင်း ၄ အတွက် ဒေါ်လာ ငါးသန်း အသီးသီး သုံးစွဲသွားရန် လျာထားကြောင်းလည်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။အဆိုပါ ချေးငွေမှာ အတိုးမဲ့ ချေးငွေ ဖြစ်ပြီး ဆိုင်းငံ့ကာလ ခြောက်နှစ် ပြန်ဆပ်ကာလ ၃၂ နှစ်- စုစုပေါင်း ချေးငွေ သက်တမ်း ၃၈ ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမည် ဖြစ်သည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.