ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အာရှဒေသမြို့ကြီးများအလိုက် ဖြစ်ပေါ်လျက်ရှိသည့် နေ့အပူချိန်များတွင် ရန်ကုန်မြို့သည် နေ့အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်ဖြင့် ဆောင်းတွင်းဖြစ်သော်လည်း အပူချိန်အမြင့်ဆုံးစာရင်းဝင်မြို့ ဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ ဧရာဝတီလင်းပိုင် ရှစ်ကောင်ခန့် သေဆုံးခဲ့ကြောင်း၊ ဧရာဝတီလင်းပိုင်များ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက...
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးမိုင်တိုင် ၃၁၀/၀ ဖာလုံနှင့် ၃၁၀/၁ ဖာလုံကြားတွင် နိုဝင်ဘာ ၆ ရက် နေ့လည် ၁၁:၄၀ နာရီတွင် လမ်းမကြီး မြေကျွံမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမြေကျွံမှုအား ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံးမှ ဒုမီးသတ်ဦးစီးမှူး တစ်ဦးက...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် နိုဝင်ဘာ ၇ရက်မှစ၍ ညအပူချိန်များ လျော့ကျ၍ အအေးပိုနိုင်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြောက်လေတိုက်ခိုက်မှုပေါ်မူတည်၍ တဖြည်းဖြည်းအေးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကဆင်ဟွာသို့ နိုဝင်ဘာ ၅ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ကမ္ဘာ့မြေငလျင်ဘေးအန္တရာယ် သိပညာပေးရေးနေ့ ဖြစ်သည့် နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘာ့နိုင်ငံများနှင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်စဉ် ဆူနာမီဘေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရမှုများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆူနာမီနှင့်ပတ်သက်၍မပေါ့ဆသင့်ကြောင်း မိုးလေဝသနှင့်...
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)ရေးသားသူ /အေးလပြည့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများသည် ပြီးခဲ့သော ၂၀၁၉ ခုနှစ်ထက် ၁,၉၈၂ မှု လျော့ကျခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးနေလင်းက ဆင်ဟွာသို့ နိုဝင်ဘာ ၄ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ရေကြောင်း၊လေကြောင်း ခရီးသွားလာသူများ အထူးသတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှ ထွန်းက ယနေ့ အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊သို့သော်မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ၃၉,၉၇၇ ဒဿမ ၅၂ဧက ကိုထပ်မံသတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ဆင်ဟွာသို့ အောက်တိုဘာ ၂၁ ရက်တွင်ပြောသည်။
ရန်ကုန်၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ အောက်တိုဘာ၁၈ရက်တွင် ဆုတ်ခွါခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိရွာသွန်းနေသော မိုးသည်အခါလွန်မိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ဆောင်းတွင်းဝင်ရောက်ရန် မြောက်ပြန်လေ(သို့မဟုတ်)ဆောင်းမုတ်သုံလေတိုက်ခတ်မှုပေါ်မူတည်၍ နိုဝင်ဘာလဆန်းတွင် တစ်နိုင်ငံလုံး၌ ဆောင်းမုတ်သုံလေဝင်ရာကာဆောင်းရာသီသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းကဆိုသည်။