Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်းရှိ ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဇန်နဝါရီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သည့် အမိုးနီးယား ယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်ပေးသည့် ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊အမှတ် (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် ယနေ့ ဇန်နဝါရီ ၁၂ ရက် ညပိုင်းအချိန်တွင် ရေခဲစက်မှ အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကာ ဓာတ်ငွေ့ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဇန်နဝါရီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သည့် အမိုးနီးယား ယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်ပေးသည့် ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဇန်နဝါရီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သည့် အမိုးနီးယား ယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်ပေးသည့် ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဇန်နဝါရီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သည့် အမိုးနီးယား ယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်ပေးသည့် ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဇန်နဝါရီ ၁၂ ရက်တွင် အမိုးနီးယား ယိုစိမ့်မှုကြောင့် ဓာတ်ငွေ့ရှင်းလင်းရေး လုပ်ဆောင်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ဓာတ်ပုံ – Myanmar Fire Service Department)

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနံ့ဆိုးများ ထွက်ပေါ်ခဲ့ပြီး ရှူရှိုက်မိသူများအနေဖြင့် မူးဝေခြင်း ၊ အောက်စီဂျင်ကျခြင်းများ ရှိခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးရခြင်းများ ရှိကြောင်း သွားရောက်ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သည့် လူမူကယ်ဆယ်ရေးအသင်းများက ပြောကြားခဲ့သည်။

“လက်ရှိ အငွေ့ပျံ့နှံ့မှုကတော့ နည်းနည်းအေးသွားပါပြီ ။ ရေမှုံရေမွှားနဲ့ဖြန်းလိုက်တော့ အငွေ့အသက်တော့ တော်တော်များများ ပြေပျောက်သွားပါပြီ။ သေဆုံးတာတော့ မတွေ့မိဘူး။ အခိုးမွှန်တဲ့သူတွေနဲ့ မူးဝေတဲ့သူတွေတော့ရှိပါတယ်။ လူဦးရေအတိအကျကတော့ ပြောလို့မရသေးဘူး ။ ကျွန်တော်တို့အနေနဲ့တော့ မီးခိုးမွှန်တဲ့၂ယောက် -၃ယောက် ကို ဆေးရုံ ပို့ပေးခဲ့ပါတယ်”ဟု မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးချိန်သီးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ အမိုးနီးယားဓာတ်ငွေ့
ယိုစိမ့်မှုကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် နှင့် လှိုင် ၊ မရမ်းကုန်း ၊ ကျောက်တံတား မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ်များ ၊ မီးသတ်ရေသယ်ယာဉ်များ ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ ၊ သူနာပြုယာဉ်များ ထွက်ခွာသွားရောက်ခဲ့ကြောင်း နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)