ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စက်တင်ဘာ လဆန်း မှစ၍ မိုးနှောင်းကာလ သို့ ရောက်ရှိကာ၊ မုတ်သုံမှာ အားနည်းလျက်ရှိပြီး စက်တင်ဘာ ၁၅ ရက် မှ ၂၀ ရက် အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း မှမုတ်သုံ စတင်ထွက်ခွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊...
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင် က ဆိုသည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်လှုပ်ရှားမှု နှင့် ပတ်သက်၍ သုတေသနပြုစီမံကိန်း တစ်ခု ဆောင်ရွက်ရန် ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင် ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ စက်တင်ဘာ ၄ ရက်...
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) သြဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံး၌ စုစုပေါင်း ငလျင် ၁၈ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ယနေ့ စက်တင်ဘာ ၁ရက် တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ယနေ့ မွန်းလွဲပိုင်းအထိ လူဦးရေ ၁၉,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်း တူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ရှိမော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်မရောမြို့နယ် အစရှိသည့်မြို့နယ်များတွင် သြဂုတ် ၂၁ ရက်မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးများဆောင်ရွက်၍ ဒေသခံများအား ဘေးလွတ်ရာ ရေဘေးရှောင် စခန်းများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ယခုအချိန်အထိ သေဆုံးသူ...
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမြန်လမ်းမကြီးတစ်လျှောက်တွင် ရဲစခန်းပေါင်း ၁၆ခု ရှိပြီး ရဲစခန်းပိုင်နယ်မြေအလိုက် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု အဖြစ်အများဆုံး ဖြစ်ပွားသည့် မိုင်တိုင်များ ရှိကြောင်း၊ ၎င်း မိုင်တိုင်များအလိုက် အထူးသတိပြုမောင်းနှင်သင့်ကြောင်း၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး၊ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ သြဂုတ် ၁၉ရက်တွင်ပြောသည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) လေဖိအားနည်းရပ်ဝန်းသည် ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်လျက် ရှိပြီး အဆိုပါလေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် မုတ်သုံပိုအားကောင်းလာသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ တွင် ယနေ့မှ...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံများအနက် သြဂုတ် ၁၃ ရက်အထိ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ် ရှိ ရေလှောင်တမံ ၈ ခုတွင် မိုးရွာသွန်းမှုကြောင့် သတ်မှတ်ကန်ရေပြည့်မှတ်ထက်ကျော်လွန် ကာ...