Connect with us

Environment, Disasters & Accidents

ရေဘေးသင့် ပြည်သူများအား နှစ်လခွဲကျော်အတွင်း ကျပ် ၃,၄၂၀ သိန်းကျော် ထောက်ပံ့

၂၀၁၈ ခုနှစ် ကရင်ပြည်နယ် ဘားအံ မြို့နယ် အတွင်း ရေဘေး ဖြစ်ပွားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်အတွင်း ရေဘေးရှောင်အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ခြင်း၊ သေဆုံးသူ၊ဒဏ်ရာရသူများအတွက် ထောက်ပံ့ကြေးများ ပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့အပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် ကျန်းမာရေး နှာခေါင်းစည်း၊ ဆပ်ပြာများ၊ ခေါက်ဆွဲခြောက်များ အစရှိသည်များကို ထောက်ပံ့ပေးခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ ၁၁ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ကျပ် ၃၄၂၀ သိန်း ကျော် ထောက်ပံ့ပေးထားပြီးဖြစ်သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မီဒီယာသို့ ဖြေကြားခဲ့သည်။

 “အခု တစ်ပတ်အတွင်းမှာ စက်တင်ဘာ ၂၇ ရက်နေ့မှ ၂၈ ရက်က မြစ်ကြီးနားမြို့ပေါ်၊ ဆင်ဘို၊ ကာမိုင်း၊ ဗန်းမော်၊ ရွှေဘို အဲဒီ နေရာတွေမှာ မိုးများလို့ ရေကြီးရေလျှံဖြစ်တယ်၊ စုစုပေါင်း အိမ်ထောင်စု ၁,၄၈၀ ကျော်လောက်ရှိတယ်၊ လူဦးရေ ၇,၉၀၀ ကျော်လောက်ကို ရေဘေးရှောင်စခန်း ၁၅ ခုလောက် ဖွင့်ထားပြီးဆောင်ရွက်ရတယ်၊ စစ်ကိုင်းတိုင်း ကသာမှာလည်း အိမ်ထောင်စု ၇၀ ၊ လူဦးရေ ၃၇၇ ဦးကို ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးထားတယ်၊ စုစုပေါင်း ကျပ်၂၁၅ သိန်းကျော်လောက် ထောက်ပံ့ပေးနေ ဆဲ ဖြစ်ပါတယ်” ဟုလည်း သူမက ရှင်းပြသည်။

မိုးကာလ ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ငါးခုမှ အိမ်ထောင်စုပေါင်း ၁,၅၅၀ စုကျော်မှာ ရေဘေးတွေ့ကြုံခဲ့ကြရပြီး လူဦးရေအားဖြင့် ၈,၂၇၇ ဦးကျော် ရေဘေးကြုံတွေ့နေကြရကာ လက်ရှိချိန်ထိ နေအိမ်များသို့ မပြန်သေးဘဲ ရေဘေးရှောင်နေရပ်တွင် နေထိုင်သူပေါင်း လူဦးရေ ၇,၆၀၀ ကျော်ထိ ကျန်ရှိနေသေးကြောင်း သိရသည်။

ရေပြန်ကျသွားသော်လည်း လက်ရှိတိုင်းဒေသကြီးနှင့်ပြည်နယ် ငါးခုရှိ ရေဘေးရှောင်နေရာများတွင် နေထိုင်လျက် ရှိသည့် သူများမှာ ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၇၅၀ ကျော်၊ စစ်ကိုင်းတိုင်း ဒေသ ကြီးတွင် အိမ်ထောင်စု ၄၄၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၁၀၂ စုခန့်၊ မန္တလေး တိုင်း ဒေသကြီးတွင် အိမ်ထောင်စု ၁၆၉ စုခန့်နှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် အိမ်ထောင်စု ၁၁၉ စု ခန့်တို့ မှာ ရေဘေးရှောင်နေရာများတွင် ရေဘေးရှောင်နေကြဆဲဖြစ်ပြီး စုစုပေါင်း အိမ်ထောင်စု ၁,၅၈၀ ကျော်၊ လူဦးရေ ၇,၆၀၀ ကျော်ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ဧရာဝတီမြစ် ရေသည် ရွှေကူ၊ ကသာ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် မြို့တို့တွင် တစ်ကြိမ်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့တို့တွင် တစ်ကြိမ်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင်တစ်ကြိမ် စသည် ဖြင့် ယင်းမြို့များ၏ စိုးရိမ်ရေ မှတ်အထက်သို့ အသီးသီးကျော်လွန် ရောက်ရှိနိုင်ကြောင်း၊ ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ ကမ်းရိုးတန်းသွား သင်္ဘောများ၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်း ရပ်ဝန်း နှင့် မုန်တိုင်းသတင်းများကို နားထောင်ပြီး အထူးဂရုပြုသွားလာစေလိုကြောင်း၊ အထူးသတိပြု နေထိုင်  ကြပါရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီဌာနက အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.