ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ဘက်မှ မင်္ဂလာဈေးဘက်သို့ မောင်းနှင်လာသည့် YBS 8 မီနီဘတ်စ် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် ခရီးသည် ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ် မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှုကြောင့် လူ ၃၆၀၂ ဦးသေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ နံနက် ၇နာရီ ၄၀တွင် မြေသားနံရံပြိုကျပြီး အဆောက်အဦတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ မီးလောင်ကုန်း ကျေးရွာ၌ စက်တင်ဘာလ ၂၄ ရက် နံနက် ၄ နာရီ ၁၅ မိနစ်က တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတ မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ဝါးရစ်ကျေးရွာအုပ်စု ဝါးရစ်(မြန်မာ)ကျေးရွာမှ ကျေးရွာ သူ/ သား(၁၆)ဦးတို့သည် စက်တက်ဘာလ(၂၂)ရက် မွန်းလွဲ(၂)နာရီခန့်တွင် နာရေးပို့ဆောင်ပြီး ရွာသို့ပြန်လာစဉ် လှေနစ်မြုပ်မှုကြောင့် လှေပေါ်ပါသူ(၁၆)ဦးအနက် (၃)ဦးမှာသေဆုံးလျက် ရှာတွေ့ ခဲ့၍ (၂)ဦးမှာ ပျောက်ဆုံးလျက်ရှိကာ ရှာဖွေရေးများ ဆက်လက် ဆောင်ရွက်လျက်...
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ်၌ စက်တင်ဘာ ၂၁ ရက်တွင် ရေယာဉ် တစ်စီး မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရေယာဉ်လုပ်သား တစ်ဦးမှာ မြစ်အတွင်းသို့ခုန်ချ ပျောက်ဆုံးသွားသဖြင့် လိုက်လံ ရှာဖွေလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ယနေ့သတင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁ – ၂၄)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ လ (၂၅ – ၃၀)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၁၅၀၀ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။