Connect with us

Environment, Disasters & Accidents

လေဖိအားနည်းရပ်ဝန်းမှ မုန်းတိုင်းငယ်အဖြစ်သို့ရောက်ရှိကာ မြန်မာ့ကမ်းရိုးတန်း သို့ ဦးတည်ရွေ့လျားနိုင်ခြေရှိ 

လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) 

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၉၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ မြောက်-အနောက်မြောက်ဘက်ကို တဖြည်းဖြည်းရွေ့လျား၍ လမ်းကြောင်းပြောင်းပါက  မြန်မာ့ကမ်းရိုးတန်းဘက်သို့ ရွေ့ရန် ရာခိုင်နှုန်းရှိကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မေ ၁ ရက်တွင် ဆင်ဟွာကို ပြောသည်။

ဦးလှထွန်းက “မုန်တိုင်းက နောက် ၃ ရက် လောက်မှာမှဖြစ်မှာပါ။ လေဖိအားနည်းရပ်ဝန်းက အီကွေတာနဲ့ နီးတဲ့ အတွက် မုန်တိုင်းဖြစ်ဖို့ အရှိန်ယူရဦးမယ်။ မုန်တိုင်းငယ် ဖြစ်ဖို့ အီကွေတာနဲ့ ၁၅ ဒီဂရီ ကွာ အောင် သွားဖို့ လိုပါတယ်။ အခုက ၅ ဒီဂရီ လောက်အကွာအဝေးမှာပဲ ရှိသေးတယ်။ နောက် ထပ် ၁၀ ဒီဂရီ မိုင် ၆၀၀ လောက်သွားဖို့ ရှိသေးတယ်။ ပြီးမှ မုန်တိုင်း ဖြစ်မှာ။’’ ဟုပြောသည်။

မုန်တိုင်းငယ်ဖြစ်ပါက မြောက်- အနောက်-မြောက် သို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ မုန်းတိုင်းဖြစ်သည့် အချိန်တွင်မှ အခြေအနေ ပေါ်မူတည်၍ ဆိုက်ကလုန်းမုန်တိုင်းဖြစ်မဖြစ် နှင့်မုန်တိုင်း လမ်းကြောင်း အားတိကျစွာခန့်မှန်းနိုင်မည် ဖြစ်ကြောင်း ဆိုသည်။ 

မုန်တိုင်းဖြစ်ပါက မုန်တိုင်း ၏ လမ်းကြောင်း နှင့် ပတ်သက် ၍ မိုးဇလ အနေဖြင့် စဉ်ဆက်မပြတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ကောလဟာလများကို မယုံကြည်ကြရန် နှင့် မုန်တိုင်း သတင်းနှင့် ပတ်သက်၍ သိရှိလိုပါ က မိုးဇလ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။  (Xinhua)