ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁,၄၀၀ကျော်ဖြစ်ပွားပြီး ကျပ် သိန်းပေါင်း ၃,၆၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ဇန်နဝါရီ ၂၀ ရက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အနက် ၄၀ ပေခန့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူများ အနက် လေးဦးမှာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း...
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ထန်တလန် မြို့၌ ဇန်နဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှု အတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ဇန်နဝါရီလ ၁၀ရက် မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် နောက်တစ်ပတ်အတွင်း ရေနည်းစိုးရိမ်ရေမှတ် (၃၆၀) စင်တီမီတာအောက်သို့ ရောက်ရှိနိုင်သောကြောင့် ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာရေးများ အထူးသတိပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက...
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဇန်နဝါရီမှဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် မီးလောင်မှု ၂,၁၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက်အအုံ ၂,၉၈၇ လုံး၊ စက်ရုံ အလုပ်ရုံ ၂၄ ရုံ နှင့် ဂိုဒေါင် ၅၂ လုံး ဆုံးရှုံးခဲ့ကြောင်း မီးဘေးသင့်ပြည်သူ...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင် မြို့နယ်၌ ၁၂ ဘီးယာဉ် တစ်စီးသည် ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင် ဘရိတ်ပေါက်ကာ တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်ခဲ့သဖြင် ယာဉ်ပေါ်ပါ လူသုံးဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ ယနေ့...
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များအတွင်း တရားမဝင် ကျောက်မျက်တူးဖော်သူများနှင့် ယာဉ်ယန္တရားများ သိမ်းဆည်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၁၀၆ ဦးသေဆုံးကာ ၁,၀၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေး-လှိုင်သာယာကားလမ်းမ တမံကြီးကျေးရွာအနီးတွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။