Connect with us

Environment, Disasters & Accidents

၂၀၂ဝပြည့်နှစ်အတွင်း စစ်တမ်းကောက်ယူမှုအရ ဧရာဝတီလင်းပိုင် ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးအရေအတွက်အဖြစ် ၇၉ ကောင် တွေ့ရှိ

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၁ အတွင်း ဧရာဝတီလင်းပိုင် တစ်ကောင်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက် မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ရာ ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေးမှ ကချင်ပြည်နယ် ဗန်းမော်အထိ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ  ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်းကောက်ရာတွင် မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ ၁) တွင် ၂၈ ကောင်၊ ထီးချိုင့်- ကသာ- ရွှေကူ (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ် နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြားတွင် ၃၇ ကောင်၊ ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၉ ကောင်ကို သုတေသနပြု စစ်တမ်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ခရီးစဉ်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကို ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်ရှိ ခရမ်းစပ်ကုန်း ကျေးရွာနှင့် ဂွေးပင်ကျေးရွာ၊ ဗန်းမော်မြို့နယ်ရှိ ရေနီကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧရာဝတီလင်းပိုင်သုတေသနစစ်တမ်းကောက်ယူရာတွင် မန္တလေး မှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၁) တွင် ၂၄ ကောင်၊ ထီးချိုင့်-ကသာ-ရွှေကူ (ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြား တွင် ၃၄ ကောင် နှင့် ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို သုသေနပြုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။၂၀၁၉ ခုနှစ်တွင် ဧရာဝတီလင်းပိုင် ၃ ကောင် သေဆုံးမှုရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ၁ ကောင် သေဆုံးခဲ့ကြောင်း၊ ဧရာဝတီလင်းပိုင် အကောင်ငယ်ပေါက်ဖွားမှုများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117