Connect with us

Environment, Disasters & Accidents

သံဈေးမီးလောင်မှုကြောင့် ဒုတိယထပ်ရှိဆိုင်ခန်း ၄၁ခန်းမီးလောင်ဆုံးရှုံးပြီး မီးခိုးမွှန်၍  လူ ၁၅ဦး ဆေးရုံတင်ခဲ့ရ 

လသာမြို့နယ်လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအား မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးတွင်(ဖေဖော်ဝါရီ ၂၀ရက်) ယနေ့ နံနက် ၆ နာရီ ၅ မိနစ် အချိန်ခန့်မှစတင်၍ မီးလောင်ကျွမ်းမှုကြောင့် ဈေးကြီး ဒုတိယထပ်ရှိ ဆိုင်ခန်း ၄၁ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီးမီးခိုးမွှန်၍ လူ ၁၅ ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

ဒုတိယထပ်က ဆိုင်ခန်း ၄၁ခန်းခွဲ မီးလောင်သွားတယ်၊ဆိုင်ခန်း ၁၈ ခန်း မီးဟပ်တယ်၊ ကျန်တဲ့နေရာတွေ မထိခိုက်ဘူး၊ စတင်လောင်တဲ့ ဈေးဒုတိယထပ်ပဲဆုံးရှုံးတယ်၊ လူ ၁၅ဦး မီးခိုးမွှန်လို့ ဆေးရုံတင်ထားရပေမယ့်  မစိုးရိမ်ရပါဘူး။“ဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်တဲ့အကြောင်းအရင်း တွက်နေတုံးပါပဲ” ဟု ၎င်းက ဆိုသည်။အဆိုပါ သံဈေးမီးလောင်မှုသည် မနက် ၆နာရီ ၅မိနစ်တွင်စတင်လောင်ကျွမ်းခဲ့ပြီး မနက် ၉နာရီ ၁၀မိနစ်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ဈေးအပေါ်၁၀ထပ်နှင့်ဓာတ်လှေခါးအတွင်း ပိတ်မိနေသော ကလေးငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် ၈၅ဦးနှင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအား မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

လသာမြို့နယ်လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအား မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

 လသာမြို့နယ်လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုတွင်မီးဘေးသင့်ပြည်သူများကိုကယ်ထုတ်နေမူအားတွေ့ရစဉ် (ဆင်ဟွာ)

 လသာမြို့နယ်လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုတွင်မီးဘေးသင့်ပြည်သူများကိုကယ်ထုတ်နေမူအားတွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်နေစဉ်အတွင်း ပိတ်မိနေတဲ့ လူပေါင်း၁၀၀ နီးပါးကို ကျွန်တော်တို့ ကြိုးစားပြီးကယ်တင်ခဲ့ပါတယ်၊ ခုထိ သေတယ်လို့သတင်းဝင်တာတော့မရှိသေးပါဘူး”ဟုသံဈေးမီးလောင်ရာတွင်ကူညီကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။သံဈေးတွင်မီးလောင်မှုဖြစ်ပွားရာ (၆)လွှာမှ (၁၀)လွှာအထိ လူနေအိမ်ခန်းနှင့် ဆိုင်ခန်းများ မီးလောင်ကျွမ်းမှုမရှိကြောင်းနှင့်လုံခြုံရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.