ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၌ အောက်တိုဘာ ၂၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီးမှ အရှိန် မထိန်း နိုင်ဘဲ လမ်းဘေးတွင် ရပ်တန့်ထားသည့် ထော်လာဂျီယာဉ်အား ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးလေ၀သခန့်မှန်းချက်ကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၃)မိုင် ခန့်အကွာတွင် အင်အား အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တစ်စီးသည် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် လမ်းဘယ်ဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) အမြန်လမ်း၌ သီတင်းကျွတ် ရုံးပိတ်ရက် ကာလ ဖြစ်သည့် အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက် အထိ ယာဉ်မတော် တဆမှု ၂၆ မှု ဖြစ်ပွားကာ သေဆုံးသူ နှစ်ဦး ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး၌ စားသုံးဆီများ တင်ဆောင်လာသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြ သည့် လူများအား ဝင်ရောက် တိုက်မိသဖြင့် (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်ဒေသကြီး မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၂.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၈၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ဘက်မှ မင်္ဂလာဈေးဘက်သို့ မောင်းနှင်လာသည့် YBS 8 မီနီဘတ်စ် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် ခရီးသည် ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ် မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှုကြောင့် လူ ၃၆၀၂ ဦးသေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။