Connect with us

Environment, Disasters & Accidents

အားကောင်းသော မုန်တိုင်းငယ်သည်ရခိုင်ပြည်နယ် ဂွမြို၏ အနောက်တောင်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိ

မုန်တိုင်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အားကောင်းသော မုန်တိုင်းငယ်သညဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၃၇၅)မိုင်ခန့်နှင့် ရခိုင်ပြည်နယ် ဂွမြို့(Gwa)၏ အနောက်တောင်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၁၈)နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အစဦးတွင် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် မြောက်-အနောက် မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 

 အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ၏ သတိပေးနှိုးဆော်ချက်ထဲတွင် ပါရှိသည်။   (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117