Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့၌ “The Memory!” နိုင်ငံတကာရုပ်ရှင်ပွဲတော် ၁၀ ရက်ကြာ ကျင်းပမည်

"The Memory!" နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

သတ္တမအကြိမ်မြောက် The MEMORY! နိုင်ငံ တကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ တွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက် အထိ ၁၀ ရက်ကြာ ကျင်းပ၍ နိုင်ငံ တကာရုပ်ရှင်နှင့် မြန်မာရုပ်ရှင် ကား ပေါင်း ၇၀ ကျော်ကို ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

The MEMORY! ရုပ်ရှင်ပွဲတော်ကို ကမ္ဘာကျော် ပြင်သစ် ရုပ်ရှင်မင်းသမီး Isabelle Huppert က တက်ရောက်ဖွင့်လှစ်ပေးမည်ဖြစ် ကြောင်း သိရသည်။ထို့အပြင် ရုပ်ရှင်ပွဲတော်ကို ကျင်းပရသည့် ရည်ရွယ်ချက်နှင့် အနှစ်သာရများကိုလည်း ရုပ်ရှင် ထုတ်လုပ်သူ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ The MEMORY! နိုင်ငံတကာရုပ်ရှင်ပွဲတော် တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ Se-verine Wemaere နှင့် ပြန်ကြားရေး ဝန်ကြီးဌာန (မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ) ညွှန်ကြားရေး မှူး ဦးသိန်းနိုင်နှင့် အခြား တာဝန်ရှိ သူများက ရုပ်ရှင်ပွဲတော် ဖွင့်ပွဲတွင် ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် The MEMORY! ရုပ်ရှင် ပွဲတော်ကြီးတွင် ရုပ်ရှင်ကားများ ပြသ မည့် အစီအစဉ်ကို တစ်မူထူးခြားသော အစီအစဉ်အဖြစ် Yangon Walls နှင့် ပူးပေါင်းကာ ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်အတွင်း (၃၃)လမ်းနှင့် (၃၄)လမ်းကြားရှိ ပြန်လည် ပြုပြင်ထားသော နောက်ဖေးလမ်းထဲ တွင် ပထမဆုံးအကြိမ် ပြသသွားမည် ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.