ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁ – ၂၄)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ လ (၂၅ – ၃၀)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၁၅၀၀ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သုံးဆယ်ချောင်းအတွင်း ချောင်းရေ မြင့်တက်ခဲ့ရာ ရပ်ကွက် ၇ ရပ်ကွက်သို့ ရေများဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိမ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁ ရှိ ဖယောင်းပွဲရုံတစ်ခု Level 4 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးကြွင်းမီးကျန်အား ငြှိမ်းသတ်လျက်ကြောင်း ထိုမီးလောင်မှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင် ၁၂ဦး နှင့် အရပ်သား ၄ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုမီးသတ်တပ်ဖွဲ့ ကို...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့တွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း မိုးရေချိန်စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစဉ် (Myanmar National REDD+ Programme) မူကြမ်းတွင် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများ ရရှိမည် ဆိုပါက...
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ် သို့ကျော်လွန်လျက်ရှိနေသည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၆/၆-၁၆/၇ အကြား တွင် ယနေ့စက်တင်ဘာ ၉ ရက် နံနက် အစောပိုင်းတွင် ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုကြောင့် လူသုံးဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။